12.1

12 4 0
                                    

12.1

Chapter - 12.1 (ဒဏ္ဍာရီလာစိတ်ဝိညာဉ်သားရဲများ)

“တခုခုများဖြစ်လို့လား”

လူအိုကြီးနင်သည် သူ၏ မမျှော်လင့်ထားသော မေးခွန်းကြောင့် ခေါင်းခြောက်သွားသည်။

သူလည်း ထပ်မေးလိုက်သည်။
"လူအိုကြီးလန် ပြဿနာတစ်ခုခုရှိလို့လား ”

“ မရှိဘူး.. ပြဿနာမရှိဘူး။ အဲ့အစား ငါကတောင် ဒီဟင်းလျာက အရမ်းကောင်းတယ်လို့ ပြောသင့်တာ" လူအိုကြီးလန်သည် ခေါင်းကိုယမ်းလိုက်သည်။

လူတိုင်း၏ နားမလည်သလိုအကြည့်အား တွေ့လိုက်ရသောကြောင့် သူသည် စားပွဲပေါ်မှ ယုန်သားဟင်းအား ညွှန်ပြလိုက်သည်။

"မင်းတို့အားလုံး အဲ့ဒါကို မြည်းကြည့်သင့်တယ်"

အားလုံး၏ အကြည့်များသည် စားပွဲပေါ်ရှိ ယုန်သားဆီသို့ ရောက်သွားကြသည်။ ထို့နောက် တူများကိုကိုင်ပြီး ယုန်သားတစ်တုံးစီကို ကောက်လိုက်ကာ ပါးစပ်ထဲသို့ထည့်လိုက်ကြသည်။

ဤထူးဆန်းလှသည့်မြင်ကွင်းသည် ညစာစားပွဲတွင်ရှိသော လူအများ၏ အာရုံစိုက်မှုကိုရသွားတော့သည်။

အိမ်တော်ထိန်းသည် ညစာစားပွဲ၏ အပြင်ဘက်တွင် ရပ်နေပြီး သူ၏ အမူအရာမှာလည်း တမျိူးဖြစ်နေသည်။ သူသည် ချီတုံချတုံဖြစ်ကာ စိတ်ဓာတ်ကျနေသည်။ အခါအားလျော်စွာ သူသည် အင်္ကျီလက်ကိုသုံးပြီး နဖူးမှချွေးစေးများကို သုတ်နေတော့သည်။

“သေစမ်း..သူတို့အကုန်လုံးက သခင်ကြီးရဲ့ အထူးဧည့်သည်တွေချည်းပဲ။ ဘယ်လိုလုပ်ပြီး ငါက ဘယ်ကမှန်းမသိတဲ့ အသားတွေကို ချကျွေးရဲရတာလဲ။ တခုခုများ အမှားအယွင်းဖြစ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ”

အားလုံး၏အကြည့်အောက်ရှိ လူအိုကြီးများ
သည် ပျော်ရွှင်ကျေနပ်နေပုံပင်။

ထိုအချိန်မှာပင် ဆံဖြူအဖိုးအိုတစ်ဦးက ထပြော
သည်။

“ သခင်ကြီးနင် ခင်ဗျား ဒီလောက်စားကောင်းတဲ့တဲ့ စိတ်ဝိဉာဉ်သားရဲဟင်းလျာတွေကို ဘယ်ကများရှာဖွေလာတာလဲ။ အရသာကဖြင့် နတ်ပြည်နတ်နန်းတောင်ရောက်သွားသလိုပဲဗျာ”

"စိတ်ဝိဉာဉ်သားရဲဟင်းလျာ ဟုတ်လား.."

ထိုစကားလုံးသည် အိမ်တော်ထိန်းအား မယုံကြည်နိုင်ဖြစ်စေတော့သည်။

အားလုံးလည်း ငြိမ်သက်သွားကြပြ သခင်ကြီးနင်၏ အဖြေအားစောင့်မျှော်နေကြသည်။

သခင်ကြီးနင်သည်လည်း အနည်းငယ်မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

“ဟေ့ အိမ်တော်ထိန်းဟွေ ဒီကိုလာပြီး ဒီအသားတွေ ဘယ်ကရတာလဲပြောစမ်း”

နင်အိမ်တော်သည် တိရစ္ဆာန်များ လုံးဝမမွေးမြူ
သောကြောင့် ထိုအသားများသည် အပြင်မှ
သယ်လာကြောင်း အားလုံးသဘောပေါက်ကြ
သည်။

အိမ်တော်ထိန်းဟွေသည် ရို့ကျိုးစွာဖြင့် ထမင်းစားခန်းသို့ ဝင်လာကာပြောလိုက်သည်။

“ကျနော်လည်း မသိပါဘူး ဒီကြက်နဲ့ယုန်တွေကို အိမ်တော်ထိန်းကောင်းက အပြင်ကနေ ယူလာခဲ့တာပါ”

သခင်ကြီးနင်သည်လည်း အံ့ဩစွာမေးလိုက်သည်။

“ဟေ အိမ်တော်ထိန်းကောင်းလား””

ထိုအခါ စားပွဲရှိ သခင်ကြီးများက မေးလိုက်သည်။

“သခင်ကြီးနင် အိမ်တော်ထိန်းကောင်းကို ခေါ်
ပြီးမေးလိုက်ပါ့လား”

လူတိုင်းသည် ထိုဟင်းလျာများ ဘယ်ကလာသည်ကို သိချင်နေကြသဖြင့် သခင်ကြီးနင်အားကြည့်လိုက်ကြသည်။

သခင်ကြီးနင်သည် ခါးသက်သက်ပြုံးလိုက်ကာ
ပြန်ဖြေသည်။

“ဘယ်လိုလုပ်မလဲ။ ကျုပ် သူ့ကိုဒီမနက်ကပဲ အလုပ်ခိုင်းထားတာ။ သူအခုအိမ်တော်မှာမရှိဘူး”

“ဟာ….”

“ဟင်….”
အားလုံးသည် အဖြေကို ကျေနပ်ပုံမရသော်လည်းမတတ်နိုင်ပေ။

ထို့နောက် ဆံဖြူအဖိုးအိုကမေးလိုက်သည်။

“ဒါဆို ဘယ်နှရက်လောက်ကြာမှာလဲ လူအိုကြီးနင်”

“ လဝက်လောက်တော့ ကြာဦးမယ်ထင်တယ်”
သခင်ကြီးနင်က ခါးသီးစွာဖြင့်ပြော လိုက်သည်။
ထိုအခါ အားလုံးမှာ ပိုပြီးစိတ်ပျက်သွားသည်။

ထိုအချိန်တွင် အိမ်တော်ထိန်းဟွေ့က ဝင်ပြောလိုက်သည်။

“သခင်ကြီး ဒီအသားတွေကို သားအမိနှစ်ယောက်လာပို့တာပါ။ သခင်ကြီးတွေ့ချင်တယ်ဆိုရင်
ကျနော် သူတို့ကိုရှာဖို့စီစဉ်လိုက်ပါ့မယ်”

(ဆက်ရန်)

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now