11.1

12 3 0
                                    

11.1

လမ်းတစ်လျှောက်တွင်  သမားတော်နှင့် သူ၏ အလုပ်သင်လေးက  သူမတို့နှင့်အတူလိုက်လာသည်။အလုပ်သင်လေး က  သမားတော်ကြီး၏ ဆေးလွယ်အိတ်ကိုလွယ်ကာ သမားတော်အိုကြီးနောက်မှ  လိုက်လာခဲ့သည်။လမ်း  ၂နာရီလောက်လျှောက်ပြီးနောက်  ၄ ယောက်သားဟာ  မိုးမခ ရွာသို့ရောက်လာခဲ့သည်။

သူတို့အိမ်တံခါးဝနားရောက်သောအခါ  ကလေး သုံးယောက်က  ပျော်ရွှင်စွာ ခုန်ပေါက် ပြေးလာပြီး  ဆီးကြိုနှုတ်ဆက်လိုက်သည်။သို့သော်လည်း  သူတို့နဲ့အတူ  လူစိမ်းး  ၂ ယောက် ပါလာတာမြင်သောအခါ  ကလေးများက  ကိုယ်ရှိန် သတ်လိုက်ပြီး   ယဉ်ကျေးစွာပြုမူလိုက်သည်။သို့သော်လည်  သူတို့က  ချန်ရှောင်ရှောင် အား  စိတ်အား ထက်သန်စွာ  စိုက်ကြည့်နေခဲ့သည်။

မကြာခင်မှာဘဲ  အမျိုးသမီးချန်က  သမားတော်နှင့် အလုပ်သင်လေးကို  အိမ် အနောက်ဘက်ကို ခေါ်သွားသောအခါ ချန်ရှောင်ရှောင်က  မြို့မှ  ဝယ်လာသော ကိတ် နှင့်  သရေစာ များကို မောင်နှမ  များအားဝေပေးလိုက်သည်။ထို့နောပ်  ခရီးမှ  ပြန်ရောက်လာသဖြင့်  ပင်ပန်းမှုများကို  ဘေးဖယ်ထား ကာ  နေ့လည်စာ စတင်  ချက်ပြုတ်လိုက်သည်။

နေ့လည်စာ ချက်ပြုတ်ပြီးစီးသောအခါ  သမားတော် နှင့်  အလုပ်သင်လေးကို ထမင်းစားရန်ဖိတ်လိုက်သည်။ချန်ရှောင်ရှောင်  သတိပြုမိတာက  သူမ အမေကြည့်ရတာ  အလွန်  ဝမ်းနည်းနေပုံရသည်။သူမအမေ ပုံကြည့်ကာ  သူမခန့်မှန်းရ  သလောက်  အဖေချန်၏  ဒဏ်ရာက  ကုသရန် ခက်ခဲမည့်ပုံပင်။

''သမားတော်က  မုန်လလာဥဖြူအားကြည့်ကာ  အနည်းငယ်  အံ့အားသင့်သွားပြီး  မေးလိုက်သည်။
''အမျိုးသမီးချန်  ဒါကဘာလဲ။ဘယ်လိုတောင် ကြွတ်ဆတ် အရည်ရွှမ်းပြီး  ချိုရတာလဲ''

''ဒေါက်တာ  ဒါတွေကို  ရှောင်ရှောင် တောင်ပေါ်သွားရင်းတွေ့ခဲ့တာပါ။သူမက  အပင်ပေါက်တစ်ချို့ပြန်ယူလာပြီး စိုက်ထားတာပါ။ဘာပင်တွေလည်းဆိုတာတော့  ကျွန်မလည်း လသေချာ  မသိဘူး''  အမျိုးသမီးချန်က ယဉ်ကျေးစွာဖြင့်  အဖြူရောင်  မုသားကို သုံးလိုက်သည်။

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now