5.2
ဘယ်သူ မှ မထခင် မနက်စောစော သူတို့ ထလာခဲ့ကြသည်။သူတို့က ထင်းအစည်း ကြီးကြီး စည်းပြီးနောက် သေချာချည်နှောင်လိုက်သည်။
''အကြီးဆုံးအစ်မ ကျွန်တော်တို့အခု ကြက်တွေ သွားဖမ်းလို့ရပြီလား'' ချန်ကျန့်ဘင် အစားသရဲ လေးက ကြက်များ အကြောင်း တွေးတောခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။
ချန်ရှောင်ရှောင်က ညင်ညင်သာသာ ပြုံးလိုက်ပြီး နေကိုမော့ကြည့်လိုက်တော့ နေက အလယ်တည့်တည့်ရောက်နေပြီ။သစ်ပင် တစ်ပင် အောက်၌ ထိုင်လိုက်ပြီး ချွေးများကို သုတ်လိုက်သည်။ထို့နောက် သူမက တည်ငြိမ်စွာပြောလိုက်သည်။
'' မလောနဲ့ အုံး။စောသေးတယ် အရင်ဆုံး အဖေ့အတွက် ဆေးပင်ရှာရအောင်။ငါတို့ မနေ့က ဘာဆေးပင်မှ မရဘူး။ဒီနေ့တော့ သေချာတွေ့အောင် ရှာရမယ်''ချန်ကျန့်ဘင်က သူ့နှုတ်ခမ်းလေးကို စုဝိုင်းလိုက်ပြီး ဘာတစ်ခွန်းမှ မပြောတော့ပေ။သူက တစ်ကယ်ပဲ အဖေ့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး စိုးရိမ်နေခဲ့သည်။
အခြားတစ်ဖက်မှာတော့ ချန်ကျန့်ယွမ်က ဇဝေဇဝါဖြစ်နေပြီး
''အကြီးဆုံးအစ်မ ကျွန်တော်တို့ အဖေ့ကို တစ်ခါမှ သမားတော်နဲ့ မပြဘူးဖုးလေ။သူ့ကို ကုသဖို့ ကြုံရာဆေးပင်တွေ လျှောက်နှုတ်လို့ဖြစ်ပါ့မလား''''မစိုးရိမ်ပါနဲ့။ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်'' ချန်ရှောင်ရှောင်က ယုံကြည်မှု ရှိစွာ ပြုံးလိုက်သည်။ဘာပဲဖြစ်ဖြစ် သူမအရင်ဘဝက ဆေးဖက်ဝင်အပင်များ ရောင်းချသူတစ်ယောက်ဖြစ်သည်လေ သူမအနေဖြင့် လူနာတစ်ယောက်ကို လက်တွေ့မကုသ နိုင်ရင်တောင်မှ ဘယ်ဆေးပင်က ဘာရောဂါကို ကုသနိုင်တယ်ဆိုတာတော့ သူမသိပါသည်။အတွင်းကြေဒဏ်ရာများ၊ အရိုးများ ကျိုးခြင်း သို့မဟုတ် အကြောသေခြင်း နှင့် ထိုဒဏ်ရာ နှစ်ခု စလုံး ရောင်ရမ်း နာကျင်ခြင်းတို့အတွက် ကုသဖို့အတွက် လိုအပ်သော ဆေးပင်များ သူမ သိသည်။
ဒီလိုရှေးကျပြီး ဆေးပင်များပေါများသော ရှေးခေတ် မပြောနှင့် ခေတ်သစ်မှာတောင် ထိုဆေးဆေးပင်မျိုး တောနယ်ဘက်၌ အလွယ်တကူ တွေ့နိုင်သည်။သူမအတွက် အခုအချိန် လိုအပ်သော ဆေးပင်များအား ရှာတွေ့ရန် မခက်ပေ။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်