5.1
သူမမှာ ရွှေပြားတွေ သိပ်မကျန်တော့ပေ။ကောက်ရိုးထုံး အနည်းငယ်သာ ကျန်တော့သည်။ကောက်ရိုးမရှိဘဲ သူမအနေဖြင့် ကြက်နှင့် ယုန်များကို မမွေးမြူနိုင်ပေ။သူမမှာ သူတို့ကို ဝယ်ယူဖို့ ရွှေပြားများ မရှိလျှင် သူမက ၄င်းတို့ကို ကိုယ်တိုင်မွေးမြူရလိမ့်မည်။
သူမရဲ့ ဒိုင်မေးရှင်း က အခြားသူများနှင့် အင်တာနက်ချိတ်ဆက်မထားတာမို့ အခြားသူများဆီမှ ရ ရှိရန်မှာလည်းမဖြစ်နိုင်ပေ။သူမ အရင်းအမြစ်များ ဒီထက်ပိုလိုအပ်သည်။အခုအချိန်မှာ အကောင်းဆုံးရွေးချယ်မှုက ဝယ်ယူခြင်း ဒါမှမဟုတ် စိုက်ပျိုးခြင်းသာဖြစ်သည်။
ကောက်ရိုးလို အရာမျိုး ဘယ်ကနေရနိုင်ပါ့မလဲ။
သူမဒီအကြောင်းနဲ့ပက်သက်ပြီး စိတ်ညစ်နေတုန်း စနစ်၏ အသံက သသူမခေါင်းထဲမှ ကြားလိုက်သည်။
''ပိုင်ရှင်ကို ဖြေကြားပါတယ် : ဒီအဆင့်မှာ သင့်အနေဖြင့် မုန်လာဥဖြူရဲ့ အရွက်တွေကို ကောက်ရိုးအဖြစ် အသုံးပြုနိုင်ပါတယ်''မုန်လာဥ ဖြူရဲ့ အရွက်???
သူမ၏ အနက်ရော မျက်လုံးများက တောက်ပလာခဲ့သည်။သူမက ပြုံးလိုက်ပြီး တဲအပြင်သို့ ချက်ချင်း ပြေးထွက်လာခဲ့သည်။လယ်ကွက် ၁၀ ကွက်ထဲရှိ ရင့်မှည့်နေသော မုန်လာဥဖြူများအား စစ်ဆေး ကြည့်ပြီးနောက် သူမ အခြားအတွေးများဖြင့် ပြည့်လာသည်။
ပထမဆုံးရိပ်သိမ်းပြီးနောက် သူမကြည့်လိုက်ရာ ကုန်လှောင်ရုံထဲ၌ မုန်လာဥဖြူများသာရှိနေပြီး သူမအနေဖြင့် မည့်သည့် မုန်လာရွက်ကို မှ မတွေ့မိပေ။
''ပိုင်ရှင်ကို ပြန်ဖြေပါတယ် : ပိုင်ရှင်က မုန်လာရွက်များကို ကောက်ရိုးအဖြစ်ပြောင်းဖို့ အမိန့်ပေးပြီး လယ်ထဲကို တစ်ခါထဲပို့ဖို့ အမိန့်ပေးနိုင်ပါတယ်´´
''အရမ်းကောင်းတယ်''
နောက်ဆုံး ဒီအဖြေကို ကြားတဲ့အခါမှာတော့ သူမလုံးလုံး စိတ်သက်သာရာ ရသွားခဲ့သည်။အဓိက ပြဿနာတော့ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။အခုတော့ မုန်လာဥဖြူများကို ရိတ်သိမ်းနိုင်ရုံသာမက ကောက်ရိုးပြတ်လတ်မှာလည်း စိတ်ပူစရာ မလိုတော့ပေ။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်