10.1

14 4 0
                                    

10.1

ကလေး သုံးယောက်သည်  ၄င်းတို့၏  ဆန္ဒများ မပြည့်တော့ပေ။သူတို့လည်း နိုးသောအခါ  သူနို့၏  အမေ နှင့်  အစ်မ ကြီးက  စျေးကို သွားနှင့်ပြီ  ဖြစ်သည်။

အငယ်  နှစ်ယောက်က  အကြီးကောင် ကျန့်ယွမ်အား  အပြသ်တင်ကြသည်။သူတို့က သူ့ကို  သူတို့ထက်အရင်  စောစော မထရကောင်းလားဟု  အပြစ်တင်ကြသည်။

သူတို့ အိမ်မှာ  ငြင်းခုံနေချိန်၌  ချန်ရှောင်ရှောင်နှင့်  သူမ၏  အမေက  သူတို့၏ လမ်းပေါ်၌ ရောက်နေပြီး  အနီးဆုံးမြိုးသို့ရောက်လာခဲ့သည်။

မြို့က ကြီးမားပြီး  မိသားစု(အိမ်ခြေ) ၁၀၀၀၀ လောက် ရှိသည်။မြို့ထဲကို ဝင်လာပြီးနောက် တစ်ခုထဲသော  အဓိက  စျေးကို လမ်းပေါ်၌ တွေ့ရသည်။စျေးဆိုင်များအပြင်  အခြားအရာများကတော့  အနီးအနားရွာများမှ  ဒေသခံနေထိုင်သူများက ၄င်းတို့၏  ဒေသထွက်  ကုန်ပစ္စည်းများကို ရောင်းချ ကြသည်။ချန်ရှောင်ရှောင်က  ပတ်ဝန်းကျင်ကို သတိထား အကဲခတ်လိုက်ပြီး  အမျိုးသမီးချန်၏  နောက်မှ  လိုက်ကာ  စျေးထဲသို့ဝင်လာခဲ့သည်။သူမ သတိပြုမိတာ တစ်ခုက  ကုန်ပစ္စည်း  အများစုသည် နေ့စဉ်သုံး ပစ္စည်းများဖြစ်ပြီး  သိပ်ပြီး ထူးထူးဆန်းဆန်း  ဘာမှ  မတွေ့ရပေ။ထို့ပြင်  ကုန်သည် အများစုက  အမျိုးသားများဖြစ်ဖြစ်  အမျိုးသမီးအနည်းစုကိုလည်းတွေ့ရသည်။ထို့ကြောင့်  သူမတို့ နှစ်ယောက်ကို  လူတွေက သိပ်အာရုံမစိုက်ကြပေ။

သူတို့က လပ်နေသော  နေရာ တစ်ခုအား တွေ့လိုက်ရသဖြင့်  အမျိုးသမီးချန်က သူမသယ်လာသော ကုန်ပစ္စည်း များကို  အောက်ချလိုက်ပြီး  ချန်ရှောင်ရှောင်ကို  ကူ၍ အောက်ချပေးလိုက်သည်။သူမတို့  နှစ်ယောက်  နဖူးပေါ်ရှိချွေးများကို အင်္ကျီလက်ဖြင့်သုတ်လိုက်သည်။

''အမေ  သမီးတို့  ဒီယုန်တွေအားလုံးကို  ရောင်းလို့ကုန်ပါ့မလား'' ချန်ရှောင်ရှောင်က  အားလုံးရောင်းမကုန်မှာ  စိုးရိမ်နေသည်။သူတို့က  ကြက်အကောင်  ၂၀ နှင့်  ယုန် ၁၅ ကောင်ကို  ယူလာခဲ့ကြသည်။ဒါက  ဒီလို မြို့ငယ်လေးအတွက်  လုပ်ငန်း အရောင်းအဝယ်  အသေးစားလိုဖြစ်နေသည်။

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now