9.1

24 4 0
                                    

9.1

comment လေးတွေ ပေးလို့  ကျေးဇူးပါရှင်

9.1

မြွေတစ်ကောင်နှင့်  လူတစ်ယောက်က  ထင်းရှူးပင်အောက်၌    အချင်းချင်း  သတိအနေအထားဖြင့် မလှုပ်မရှက် စိုက်ကြည့်နေကြသည်။

အချိန်အနည်းငယ်ကြာလာလေ  လေထုအခြေအနေက လအထိမခံနိုင်လောက်အောင်  တင်းမာလာသည်။ချန်ရှောင်ရှောင်၏  မေးမှ  ချွေးစက်များက  အောက်သို့ တစ်စက်စက် ကျလာသည်။သူမ၏  အင်္ကျီလက်ထဲရှိလက်ကို  တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။သို့သော်လည်း  သူမက မြွေကို  ဆက်လက်ပြီး  စူးစူးစိုက်စိုက်  မျက်ခြေမပြတ် စိုက်ကြည့်နေခဲ့သည်။သူမ  နည်းနည်းလေးတောင်  မလှုပ်ရဲပေ။

ဘာလုပ်ရမလဲ။ငါ ဘာလုပ်ရမလဲ။

ချန်ရှောင်ရှောင်တစ်ယောက်  အလွန်ကြောက်လန့်နေသော်လည်း ဘသူမ မျက်နှာက  ပြောင်းလည်းမှုမရှိပေ။သူမအနေဖြင့်  ဒီမြွေဆီမှ  လွတ်မြောက်အောင်  ပြေးနိုင်မယ်လို့  မထင်ပေ။

ဟစ်စ်စ်စ်. . . .  . .  !!!!

ရွှေသံကွင်းစွပ်မြွေက  သူ၏လျှာကို  ပြူတစ်ပြူတစ်ထုတ်လိုက်သည်။နောက်ဆုံးမှာတော့  မြွေက  စိတ်မရှည်တော့ဟန်တူသည်။ချန်ရှောင်ရှောင်ဆီသို့ တိုက်ခိုက်ရန်  လျောတိုက်ပြေးလာသည်။

မြွေက သူမဆီ  အလင်းကဲ့သို့  ရောက်လာသည်။ချန်ရှောင်ရှောင်၏  ဦးနှောက်က  ကြောက်လွန်းသဖြင့်  ဘာမှ  မစဉ်းစားနိုင်တော့ဘဲ  ဗလာဖြစ်သွားသည်။သူမစိတ်ထဲ  တွေးမိတာ တစ်ခုသာရှိသည်။မြွေကို နယ်မြေထဲ စုပ်ယူမယ်။

သူမထိုသို့ တွေးလိုက်ပြီးပြီးချင်း မြွေက  သူမလက်ကောက်ဝတ်နဲ့ လက်မ အနည်းငယ်၌ ချက်ချင်း ပျောက်ကွယ်သွားသည်။

ချန်ရှောင်ရှောင်  ထပ်ပြီးတစ်ခါ  ရှော့ရသွားပြန်သည်။၄င်းက  သူမကို  ကိုက်ခါနီးလေးမှာဘဲ  သူမ  အချိန်မှီ တုံပြန်နိုင်ခဲ့သည်။

သူမ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး  သူမ ရင်ဘတ်အား သူမပုတ်လိုက်သည်။ချွေးများက  တစ်ပေါက်ပေါက်ကျနေသည်။သူမ၏  ဦးနှောက်က  နောက်ဆုံးမှာ  စတင်အလုပ်လုပ်လာပြီ  ဖြစ်သည်။

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now