4.2
ချန်ပိုယွမ်က သူမအား တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။သူသတိပြုမိတာက သူမက သူ့အကြည့်ကို မရှောင်ရုံတင်မက သူမမျက်လုံးက သူအား အားနည်းမှုမရှိဘဲ တောက်ပစွာစိုက်ကြည့်နေတာကိုပင်။ဒါက သူမလိမ်နေတယ်ဆိုတာ လုံးဝကို သေချာသည်။သူ့သမီးက သူ့ကို အခုလို တန်ပြန်စိုက်မကြည်ရဲသလို အခုလိုမျိုး သူ့ကို အကြောက်ရွံမရှိ မကြည့်ရဲပေ။
သူက စိတ်ထဲကသာ သက်ပြင်းချလိုက်သည်။ဒီထက်တော့ သူမကို ဖိအားမပေးတော့ပေ။သူက စကားလမ်းကြောင်းကိုလွှဲလိုက်ပြီး
''ခေါင်း က ဒဏ်ရာ ဘယ်လိုနေသေးလဲ''
''မစိုးရိမ်ပါနဲ့ အဖေ သမီးလုံးဝပြန်ကောင်းသွားပါပြီ'' ချန်ရှောင်ရှောင် က စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။သူမရှေ့ရှိ ဖျော့တော့ပိန်ပါးသော အမျိုးသားအားကြည့်ကာထပ်ပြောလိုက်သည်။''အဖေ သမီး အဖေ့အတွက် ဆေးဖက်ဝင် အပင်အချို့တောင်ပေါ်က ခူးခဲ့တယ်''
''ဆေးပင်??? စိတ်မကောင်းပါဘူး။အဖေက မင်းနဲ့ မင်းအမေကို ဒုက္ခ တွေ ပေးမိပြီ''
သူက ခါးသက်သက်ပြုံးလိုက်ပြီး သူ့ခေါင်းကို အနည်းငယ်ယမ်းလိုက်သည်။သူက သူမကို လေးလေးနက်နက်ကြည့်လိုက်ပြီး
''ရှောင်အာ သမီးဘာပဲလုပ်လုပ် ဘာပဲလိုလို အဖေက သမီးကို အပြည့်အဝထောက်ပံ့ပေးသွားမယ်။ဒါဗေမဲ့ သမီးကိုယ် သမီး ဘာမှ မဖြစ်အောင် ဂရုစိုက်ရမယ်နော် မှတ်ထား'''' ဟုတ်ကဲ့ အဖေ'' သူမ၏ နှလုံးက အပြင်တောင်ပြုတ်ကျတော့မတတ်ခုန်နေလေသည်။သူမသိလိုက်သည်။အဖေက တစ်ခုခုကို ရိပ်မိနေပြီ။
ဒါပေါ့ သူ၏ ပါးနပ်သောမေးခွန်း၌ သူမ မလွတ်မြောက်ဘဲ အဓိပ္ပါယ်တစ်မျိုးသက်ရောက်ကာ ဝန်ခံမိ မလိုဖြစ်သွားခဲ့သည်။ဘယ်လို ကိစ္စ တွေပဲဖြစ်လာပါစေ သူက သူမကို အမြဲအားပေးနေမည်ဟု ပင်။
''မင်း ခုထိညစာ မစားရသေးဘူးမလား။သွား စားလေ''
''အဖေ'' စိတ်ဓာတ်ကျ အားငယ်နေသော သူမ၏ ဖခင်ကို ကြည့်ကာ ချန်ရှောင်ရှောင် က မျက်မှောင်ကြုပ်လိုက်သည်။သူမ၏ နှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သော်လည်း ဘာမှ ထပ်မမေးဖြစ်တော့ပေ။
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်