15.2

42 3 0
                                    

အဆက်၁၅. ၂

အမျိုးသမီးချန်သည် မိုးမခရွာသူရွာသားများနှင့်
မရင်းနှီးသော်လည်း သူတို့မိသားစုသည်နေရာ
တွင်နေလာသည်မှာ နှစ်နဲ့ချီနေပြီ။ထို့ကြောင့်
တချို့သူများနှင့် စကားအဆက်အဆံတော့
ရှိသည်။အမျိုးသမီးချန်တို့ လှည်းနှစီးလိုနေ
သည်ကိုကြားသော အကြီးအကဲသည် သူ့လှည်း
များကိုငှားရန် ဆုံးဖြတ်လိုက်သည်။

ဈေးထဲအား လှည်းနဲ့သွားရသည်မှာအရမ်းအ
ဆင်ပြေသည်။ခြေလျင်ခရီးမဟုတ်သည့်အ
တွက် အချိန်လဲအတော်သက်သာပေမည်။

ထိုထက်ပိုအရေးကြီးသည်က အငယ်လေး၃
ယောက်သည် လှည်းအားမြင်လိုက်သည်နှင့်
လှည်းပေါ်တက်ကာ ဈေးထဲသို့ခေါ်သွားရန်
ပူဆာတော့သည်။

ဈေးထဲသို့အသွားအပြန်ဆိုလျှင်တောင် နေ့တဝက်ပဲကြာမည်ဖြစ်သောကြောင့် အမျိူး
သမီးချန်သည် ယောက်ျားအားအိမ်တွင်ထား
ခဲ့ကာ ကလေးလေးယောက်နှင့်အတူ ဈေးထဲ
သို့အတူသွားရန်ဆုံးဖြတ်လိုက်သည်။

“ဒါဆို…ဒါကဈေးပေါ့နော်”

“ဒီမှာ ပစ္စည်းတွေအများကြီးရောင်းနေတာပဲ
မကြီး Tanghuluတွေကိုကြည့်ပါဦးမိုက်လိုက်တာ”

“မကြီး သူတို့က ဘန်းမုန့်ပူပူလေးတွေရောင်းနေ
တာပဲ ကျနော်လည်း ဘန်းမုန့်ပူပူလေးစားချင်
တယ်”

အငယ်လေးသုံးယောက်သည် ရောင်းချနေသည့်
အစားအစာများကိုကြည့်ရင်း တယောက်တ
ပေါက်ပြောဆိုနေကြသည်။

အမျိုးသမီးချန်ကတော့ စတင်စတည်းချရောင်း
ချရန် နေရာလွတ်ကိုလိုက်ရှာနေသည်။

ရှောင်းရှောင်းမှာမူ သူတို့သယ်လာသောပစ္စည်း
များအားလုံးအား သည်အတိုင်းထိုင်ရောင်းနေ
လျှင် တနေကုန်သွားမည်ကိုသိသောကြောင့်
တခါတည်းအပြတ် ပစ္စည်းအားလုံးရောင်းချနိုင်
မည့်နည်းလမ်းကိုစဉ်းစားနေသည်။

ကလေးတွေနှင့် ပစ္စည်းအစုံပါလာသည့်လှည်း
အား အားလုံးကသတိထားမိကြသော်လည်း
ဘာသိဘာသာပင်ကိုယ့်ကိစ္စကိုယ်လုပ်နေကြ
သည်။

ပြောရမည်ဆိုလျှင် ဈေးထဲရှိအများစုမှာ ရွာမှ
လာသူများဖြစ်သောကြောင့် လှည်းအသုံးပြု
သည်အား အထူးအဆန်းဖြစ်မနေတော့ပေ။

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now