7.2
"ဘာ '' အမျိုးသမီးချန်က အလန့်တကြား အော်လိုက်သည်။
ချန်ပိုယွမ်ကတော့ အများကြီး အံ့သြနေခြင်းမရှိပေ။သူက သူရှေ့၌ မတ်တပ်ရပ်နေသော သူ့သမီးကို ကြည့်လိုက်ပြီး သူမဆက်ပြောပြမှာကို စောင့်နေသလိုမျိုး ကြည့်လိုက်သည်။
''ဒါက '' အမေချန်က သူမ သမီးကို ကြည့်လိုက်သည်။ထို့နောက် အိပ်ရာပေါ်မှာရှိသော သူမ၏ ယောက်ကျားကို ကြည့်လိုက်သည်။သူမကစိတ် ရှုပ်နေခဲ့သည်။
''ဘာတွေဖြစ်နေလဲ ဆိုတာ အတိအကျ အမေ့ကို ပြောပါအုံး ရှောင်ရှောင်''ပြောရမယ်ဆိုရင် အမျိုးသမီးချန်က
လည်း အတွေ့အကြုံရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။အနည်းငယ် ငြိမ်သက်သွားပြီးတဲ့နောက် အရင်က သတိမပြုမိခဲ့သော အရာများကို တရိတ်ရိတ် တွေးမိသွားခဲ့သည်။ဒါတွေအားလုံးရဲ့ အဓိက သော့ချက်က သူမ၏ သမီးကြီး ပင်။ချန်ရှောင်ရှောင်က ပြုံးလိုက်သည်။သို့သော်လလည်း သူမက မိဘများကို တိုက်ရိုက်ရှင်းမပြဘဲနူးညံ့ငြင်သာစွာ မေးလိုက်သည်။
''အဖေ နဲ့ အမေ မှတ်မိသေးလား။သမီး လွန်ခဲ့သော လဝက်လာက်က သတိလလစ်နေတာကိုလေ''''ဒါပေါ့ '' အမျိုးသမီးချန်က တိတိကျကျဖြေလိုက်သည်။
ချန်ပိုယွမ်ကတော့ တိတ်ဆိတ်နေခဲ့သည်။ဒါဗေမဲ့ မင်း သူ့ကို ကြည့်လိုက်ရင် သူလည်း အတွေးနက်နေတာ မြင်ရမှာဖြစ်သည်။
''အဖေ အမေ သမီးပြန်ပြီးတော့ သတိရလာကထည်းက သမီးအရင်က မှတ်ဥာဏ်တော်တော်များများပျောက်သွားခဲ့တယ်။ဒါဗေမဲ့ သမီး အဲဒီမှတ်ဥာဏ်တွေ အစား အခြား တစ်ခုကို ရခဲ့တယ်။သမီး မှတ်ဥာဏ်ထဲမှ မရှိဘူးခဲ့တဲ့ ဒိုင်မေးရှင်းလေး တစ်ခု(နယ်မြေအသေးစား)။အဲဒီနယ်မြေလေးထဲမှာ သမီးက အသီးအနှံတွေ နဲ့ တိရစ္ဆာန်လေးတွေကို မွေးမြူလို့ရတယ်။အဲဒါကြောင့် သမီးတို့စားနေတဲ့ မုန်လာဥဖြူတွေ၊ ကြက်တွေ ၊ ယုန်တွေက အဲဒီက ရတာ''
''တစ်ကယ်လား''
အမျိုးသမီးချန်က ဖြူဖျော့သွားပြီး သူမသမီးကို ကြည့်ကာ စိုးရိမ် ထိတ်လန့်စွား မေးလိုက်သည်။
''ရှောင်ရှောင် သမီးဘယ်လိုနေသေးလဲ။တစ်နေ ရာရာက မသက်မသာ ဖြစ်နေသေးလား။ဘာဖြစ်လို့ ဒီလိုမျိုးတွေ ဖြစ်လာတာလဲ။ဒါကြီးက သမီးခန္ဓာကိုယ် ကို ဆိုးရွားတဲ့ သက်ရောက်မှုရှိလား။အိုး . . ဘုရားရေ ဘာဖြစ်လို့ ငါ့ရဲ့ သမီးလေးမှာ ဒါမျိုးတွေ လာဖြစ်ရတာလဲ''
YOU ARE READING
QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်း
Fantasyအရင်က shweyee24 accမှာ တင်ထားပေမယ့် wp pw မေ့သွားလို့ ပြန်ဝင်မရတော့လို့  ဒီ acc မှာ ဆက်တင်ပါမယ်ရှင်