1.2(unicode)

55 2 0
                                    

အပိုင်း-1(part-2 )

"ရှောင်ရှောင် အဆင်ပြေရဲ့လား။အမေ့ကို  မလှန့်ပါနဲ့။အမေ့ကိုပြောပါအုံး  ဘယ်နေရာက အဆင်မပြေ ဖြစ်နေလဲ''

သူမ၏ စိုးရိမ်နေသော အမူအရာ  စိုးရိမ်နေသော  အသံများက  ဟန်ဆောင်နေတာနဲ့မတူပေ။ချန်ရှောင်ရှောင်က  အလိုလို  သူမပါးစပ်မှ  ''အမေ   သမီး. . . ''

''အကြီးဆုံးအစ်မ  ရုတ်တရက်ကြီး ဘယ်လို ဖြစ်လို့ ထပ်မေ့ သွားတာလဲ။မားမားနဲ့ ကျွန်တော်တို့  အရမ်းစိုးရိမ်နေတာ'' အသက် ၁၂ နှစ်ဝန်းကျင်ခန့် ကလေးတစ်ယောက်က  ထပြောလိုက်သည်။

သူ့ရဲ့နောက်မှာတော့ အသက်၁၀ နှစ်လောက်ရှိသော  ကောင်လေးတစ်ယောက်မတ်တပ်ရပ်နေသည်။အငယ်ဆုံးနစ်ယောကက်ကတော့ အသက် ၇ နှစ်  ၈  နှစ် လာက်ရှိသော  မိန်းကလေးတစ်ယောက်ဖြစ်ပြီး  အခုထိ  စကားတစ်လုံးမှ  မပြောသေးပေ။သူတို့ကို  တစ်ချက်လောက်ကြည့်လိုက်တာနဲ့  မောင်နှမ တွေဆိုတာ  မင်းပြောနိုင်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ  တစ်ယောက်ယောက်ပြောကြပါ့အုံး

ချန်ရှောင်ရှောင် တစ်ကယ်ကို  အံ့အားသင့်နေသည်။

သူမစိတ်ထဲ၌  အကြီးအကျယ် ရှုပ်ထွေး တုန်လှုပ်နေသည်။ထို့အပြင်  သူမခံစားချက်တွေ ဆိုးဝါးလာသည်။မကောင်းတာ  တစ်ခုခုဖြစ်တော့မယ်။ငါ     ကူးပြောင်းလာတာတော့  မဟုတ်လောက်ပါဘူး။

''ရှောင်ရှောင်  သမီးခေါင်းက  အခုထိနာသေးလို့လား။အမေ  ဆေးဆရာ တစ်ယောက် သွားပင့်ပေးရမလား''

စိုးရိမ်တကြီး မေးလိုက်သော အသံက  သူမ၏ ရှုတ်ရှက်ခက်နေသော  အတွေးများကို  ရပ်တန့်လိုက်သည်။ချန်ရှောင်ရှောင်က သူမရှေ့၌ ရှိသော  ဖျော့တော့ ပိန်ပါးကာ  အားနည်းသော အမျိုးသမီးအားကြည့်လိုက်သည်။ထိုအမျိုးသမီးကြည့်  စိုးရိမ်နေသော မျက်ဝန်းများက  သူမ နှလုံးသားကို နွေးထွေးစေသည်။သူမ  မတတ်သာဘဲ ပြောလိုက်ရသည်။
''  သမီး. . . သမီး အဆင်ပြေပါတယ်''

''တစ်ကယ်ဘဲလား''  ချန်အမျိုးသမီးက  အနည်းငယ် တုန့်ဆိုင်းစွာမေးလိုက်သည်။

''ဟုတ်တယ်. . . တစ်ကယ်ပြောတာပါ။သမီးအဆင်ပြေပါတယ်  အမေ မစိုးရိမ်ပ်နဲ့။သမီး  ခဏလောက်ထပ်နားချင်သေးတယ်'' 

QQ Farm နှင့်အတူရှေးခေတ်သို့ ကူးပြောင်းခြင်းWhere stories live. Discover now