8 (Unicode)

7.4K 697 48
                                    

တဆစ်ဆစ်နာကျင်နေသည်။ ညာဘက်လက်မှ စီးကရက်မီးစကြောင့်ရရှိခဲ့တဲ့ ဒဏ်ရာကကော၊ သူမရဲ့နှလုံးသားနေရာကနေပါ။

" ဒီကလေးနဲ့ ပတ်သတ်ရင် ငါဘာ့ကြောင့်များ စိတ်ခံစားချက်တွေ ပြင်းထန်နေရတာလဲ "

တကယ်လည်းဟုတ်သည်။ သက်လွှာနဲ့ပတ်သတ်လျှင် သူရဲ့စိတ်က အထိအခိုက်မခံနိုင်အောင်ကို ဖြစ်နေသည်လေ။

" တကယ်တော့ ငါ့ကြောင့်ပဲ။ ငါ့ကြောင့်သက်လွှာ အတုယူမှားတာ။ နောက်အဲ့လိုမဖြစ်ရအောင် ငါစီးကရက်ဖြတ်မှပဲ ဖြစ်တော့မယ် "

သိမ်မွေ့ထည်သည် သူမရဲ့ဘဝအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ စီးကရက်ကို သက်လွှာအား လမ်းမှားမရောက်စေလိုသော ရည်ရွယ်ချက်တစ်ခုတည်းအတွက်ကြောင့်နဲ့ အပြီးတိုင်စွန့်ပစ်ခဲ့လေတော့သည်။ ထိုညက ရရှိခဲ့သည့် လက်ဖဝါးနုနုမှ အပူလောင်ထားတဲ့ဒဏ်ရာကိုလည်း ဆေးမထည့်ပဲ ဒီအတိုင်းသာထားခဲ့၏။

နောက်တစ်နေ့မနက်ရောက်တော့ မနက်စာ စားပွဲဝိုင်း၌ သိမ်မွေ့ထည်တစ်ယောက် ညာဘက်လက်ကို အသုံးမပြုနိုင်တော့ပေ။ လက်နှစ်ဖက်ဖြင့် ဇွန်းနဲ့ခက်ရင်းကို ကိုင်စားရမည်ဖြစ်သော်လည်း ဘယ်လက်ကိုသာ အသုံးပြု၍ ဇွန်းတစ်ချောင်းတည်းဖြင့် မနက်စာစား၏။

" သမီး .. ညာဘက်လက်က ဘာဖြစ်ထားလို့လဲ ? "

" ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်မြ "

ဘေးကနေပြီး ဒေါ်ဒေါ်မြက မေးတော့ သိမ်မွေ့ထည် ဘာမှမဖြစ်ဘူးဟုသာ ပြန်ဖြေလိုက်သည်။ သို့သော်လည်း မနက်စာထမင်းဝိုင်မှာ အတူရှိနေတဲ့ သက်လွှာကတော့ အခြေအနေအမှန်ကို သိနေ၏။ ခါတိုင်းနေ့မနက်ခင်းတွေဆိုလျှင် သက်လွှာရဲ့ ပန်းကန်ထဲကို ဟိုမုန့်ထည့်ပေးလိုက် ဒီမုန့်ထည့်ပေးလိုက် အမြဲလုပ်ပေးတတ်သည့် သိမ်မွေ့ထည်ဟာ ယနေ့တော့ မျက်နှာထားတည်တည်ဖြင့်သာ ငြိမ်သက်လို့နေသည်။

ယခုလိုကျပြန်တော့လည်း သက်လွှာရဲ့စိတ်ထဲမှာ နေရတာ တစ်မျိုးကြီးဖြစ်နေသည်။ သူ့ကို ဟိုက စိတ်ဆိုးနေသေးတယ်လို့ထင်ပြီး မနက်စာကို ခပ်မြန်မြန်သာစား၍ ထရပ်လိုက်၏။

ElegantWhere stories live. Discover now