9 (Zawgyi)

1.4K 34 0
                                    


" သက်လွှာဆိုတဲ့ ကလေးလေးက သမီးအပေါ်မှာ သံယောဇဉ်လေးရှိလာတဲ့ပုံပဲ။ သူ့ခမျာ မောပန်းတကြီးနဲ့ ဒေါ်ဒေါ်မြဆီကို ပြေးချလာပြီး လာခေါ်ရှာတာ။ သမီးနေမကောင်းထပ်ဖြစ်မှာကို သူတအားစိုးရိမ်နေတယ်လေ "

ယခုမှပင် သန့်သန့်ပြန့်ပြန့်ဝတ်စား၍ မှန်တင်ခုံရှေ့က ကုလားထိုင်ပေါ်တွင်ထိုင်ရင်း လျှော်ထားသည့်ဆံပင်ကို hair dryer ဖြင့်မှုတ်နေသော သိမ်မွေ့ထည်သည် ဒေါ်ဒေါ်မြ ပြောနေတဲ့စကားတွေကို အာရုံစိုက်နားထောင်နေလေသည်။

" သမီးကို ဒေါ်ဒေါ်မြ အဝတ်အစားလာပေးနေတဲ့အချိန်မှာ ဒီနားတစ်ဝိုက်ကို အဲ့ဒီကလေးလေးပဲ သန့်ရှင်းရေးလုပ်ပေးသွားတာ .. "

" အို ... "

သူထိုင်နေကျ ဝှီးချဲကို သေသေချာချာ သန့်ရှင်းသုတ်သင်ပေးနေတဲ့ ဒေါ်ဒေါ်မြရဲ့စကားကြောင့် ပန်းနုရောင်သမ်းနေသည့် သူ့နှုတ်ခမ်းဖျားလေးတွေဟာ အိုပုံသဏ္ဍာန် ပွင့်ဟလို့သွား၏။

" ကျွန်မဖြင့်လေ သက်လွှာအပေါ်မှာကော ဒေါ်ဒေါ်မြအပေါ်မှာပါ အားနာစရာ သိပ်ကိုကောင်းလွန်းနေပါပြီ "

ဝမ်းနည်းစွာဖြင့် ခပ်တိုးတိုးလေး ပြောရင်း သူသက်ပြင်းတစ်ချက်ချမိသည်။ စိုထိုင်းထိုင်းဖြစ်နေသေးတဲ့ ဆံပင်တွေကို ဒီအတိုင်းသာထားလိုက်ပြီး hair dryer ကိုမှန်တင်ခုံပေါ်သို့ တင်လိုက်သည်။

" ဒေါ်ဒေါ်မြကိုက အားနာစရာမလိုပါဘူး သမီးရယ် "

" ဒါပေမဲ့ ဒီလိုမျိုးတွေတော့ ဘယ်သူ့ကိုမှ ကျွန်မဒုက္ခမပေးချင်ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်တော့တဲ့ဘဝက ဒီလောက်အထိဆိုးဝါး လိမ့်မယ်လို့ အစက မတွေးမိထားခဲ့ဘူး ဒေါ်ဒေါ်မြရယ် .. ကျွန်မလေ သေသာသေပစ်လိုက်ချင်တော့တယ် "

နားထင်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ်ဖိထားရင်း ရှိုက်သံနှင့်အတူ သူညည်းတွာနေမိသည်။

" သမီးရယ် ဒုက္ခပေးမိနေပြီလို့ မတွေးစမ်းပါနဲ့ကွယ်။ အကုန်လုံးက မိသားစုဝင်တွေပဲလေ။ အခုမှ လပိုင်းပဲရှိသေးတာ။ သမီးလည်း လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစားလုပ်နေတာပဲ။ ပြန်ပြီးကောင်းလာမှာပါ "

ElegantWhere stories live. Discover now