35 (Unicode)

5.9K 676 66
                                    


မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ဘေးပတ်ပတ်လည်တွင် မီးသတ်ကားများ၊ လူနာတင်ယာဉ်များနှင့် ရဲကားများ ရှိနေကြသည်။ လူတွေလည်း ထိုအနီးနားတစ်ဝိုက်မှာ အုံအုံကြွကြွဖြစ်လို့နေ၏။ သိပ်မကြာသေးမီကမှ ဆိုက်ရောက်လာတဲ့ Suzuki ကားအနီရောင်ပေါ်မှ ပြေးဆင်းလာတဲ့ အမျိုးသမီးတစ်ဦးဟာ လူနာတင်ယာဉ် နှစ်စီးနား၌ ရပ်နေ၏။

" ဒါကျွန်မ အစ်မနဲ့ ညီမလေးပါ။ ကျွန်မပါ လိုက်ခဲ့ပါ့မယ် "

" လူနာတင်ယာဉ်နဲ့လိုက်မှာလား "

" ဟုတ်ကဲ့ .. ကိုစိုးကြီး .. ကျွန်မကားသော့ ပေးခဲ့မယ်နော် "

" ဟုတ်ဟုတ် ကျွန်တော့်တပည့်တစ်ယောက်ကို မောင်းပို့ခိုင်းလိုက်မယ် .. လိုက်သွားလိုက်နော် "

လူနာတင်ယာဉ် ၂ စီးထွက်ခွာသွားပြီးတဲ့အထိ မီးညွှန့်က မသေသေး။ တဟုန်းဟုန်းလောင်မြိုက်နေတုန်းပင်။

" ဆရာရေ .. ဒါအခင်းဖြစ်တဲ့နေရာမှာ တွေ့တဲ့ ဓား။ မီးတောက်သိပ်မကြီးခင်တုန်းက အထဲမှာ လူကျန်မကျန် ဝင်စစ်ဆေးရင်းနဲ့ ကျွန်တော်တွေ့လို့ သိမ်းဆည်းလာတာပါ "

" နောက်ပြီး ဒီဦးလေးက အခင်းဖြစ်တဲ့နေရာကို ပထမဦးဆုံးရောက်တဲ့သူပါ။ အမျိုးသမီးနှစ်ယောက်ကို ကျွန်တော်တို့ မီးသတ်တွေ မရောက်ခင်ကတည်းက အပြင်ခေါ်ထုတ်ထားပေးခဲ့တဲ့  ဦးလေး "

မီးသတ်သမားတစ်ယောက်က ရဲအုပ်ကိုစိုးကြီးကို ရှင်းပြနေသည်။ ဘေးမှာလည်း အသက် ၅၀ အရွယ်လောက်ရှိတဲ့ သန်သန်မာမာ အမျိုးသားကြီးတစ်ဦး ရပ်နေသည်။

" ကျွန်တော်က ဟိုဘက် လယ်ကွက်ထဲက တဲမှာနေတာပါ။ ဒီအိမ်ကြီးက လူမနေတာကြာပြီ။ ည ၁၀ နာရီလောက်မှာ အဲ့ဘက်က မီးရောင်ပျပျနဲ့ မီးခိုးတွေထွက်နေတာ တွေ့လို့ မီးသတ်ကို ဖုန်းလှမ်းဆက်ရင်း ခြံထဲကို ဝင်ကြည့်ခဲ့မိတာ။ အိမ်အဝနားမှာ ဒဏ်ရာရထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို မြင်လို့ မီးအရမ်းမလောင်ခင်မှာ အပြင်ကို ရအောင် ခေါ်ထုတ်ခဲ့တာ။ မီးကကျွန်တော်ရောက်တော့ စလောင်နေတုန်းပဲရှိသေးတယ် ... "

ElegantWhere stories live. Discover now