34 (Zawgyi)

944 29 1
                                    

အိမ်မှ သိမ်မွေ့ထည် ကားမောင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ဖုန်းထပ်ဝင်လာသည်။

" ကျုပ်ခင်ဗျားကို တစ်ယောက်တည်းလာဖို့ ပြောထားတယ်နော် ဒေါ်သိမ်မွေ့ထည် "

" အခု ကျွန်မတစ်ယောက်တည်းပဲ လာနေတာပဲလေ "

" မင်းနောက်မှာ ကားအနီရောင်တစ်စီး လိုက်လာတယ်ဆိုတာကို ငါမသိဘူးများမှတ်နေသလား "

ထိုအခါမှ နောက်ကြည့်မှန်ကနေတစ်ဆင့် သိမ်မွေ့ထည် အနောက်သို့ ကြည့်လိုက်မိရာ ဆုရဲ့ ကားအနီရောင်လေးကို ခပ်ပျပျလေး မြင်တွေ့လိုက်ရသည်။

" ခင်ဗျားကလေးမရဲ့အသက်ကို မသေစေချင်ဘူးဆိုရင် အခုချက်ချင်း အဲ့နောက်ကလိုက်လာတဲ့ကားကို မျက်ချေပြတ်အောင်လုပ်ပါ။ ခင်ဗျားရဲ့လှုပ်ရှားမှု မှန်သမျှကို ကျုပ်စောင့်ကြည့်နေတာမို့ ကျုပ်ကို အရူးလုပ်ဖို့တော့ မကြိုးစားလေနဲ့ ဒေါ်သိမ်မွေ့ထည်။ ပြီးရင် ကျုပ်ဆီကို မရောက်မချင်း ဖုန်းကို မချပစ်နဲ့ ကြားလား "

တစ်ဖက်မှ မာကြောရိုင်းစိုင်းတဲ့လေသံနဲ့ အမိန့်ပေးနေသည့် ထိုလူကို တစ်ခုခုလုပ်ပစ်လိုက်ချင်တဲ့အထိကို သိမ်မွေ့ထည် ဒေါသထွက်သွားသည်။ သို့သော်လည်း ယခုလို အခြေအနေမျိုးမှာ သူ့ဘက်က နာခံရုံအပြင် တခြားနည်းလမ်းမရှိ။ ဒါ့ကြောင့် ဆုရဲ့ကား မျက်ခြေပြတ်ကျန်ခဲ့အောင်လို့ အရှိန်ကိုမြှင့်ပြီး မောင်းခဲ့ရလေသည်။

Google Map မှာညွှန်ပြနေတဲ့ Location အတိုင်း မောင်းလာလိုက်တာ အဆုံးသတ်နေရာကို ရောက်တော့ မြို့ပြင်ဘက်က အိမ်အိုကြီးတစ်လုံးရဲ့ရှေ့သို့ ရောက်လာခဲ့သည်။ ခြံစည်းရိုးများမှာလည်း ပျက်စီးနေပြီး အိမ်မှာ ခြေတံရှည် သစ်သားအိမ် အနက်ရောင်ကြီးဖြစ်၏။

ဖုန်းကို ချပြီးသည်နှင့် သိမ်မွေ့ထည်သည် ကားအပြင်သို့ မထွက်ခင် location link ကို ဆု ရှိရာထံသို့ message အမြန်ပို့ချလိုက်သည်။ ပြီးတာနဲ့ history ကိုချက်ချင်းအမြန် ပြန်ဖျက်ချလိုက်၏။

" ဆင်းခဲ့ "

ဦးထုပ်ကို ခေါင်းငိုက်ဆောင်းထားပြီး mask အနက်ရောင်တပ်ထားတဲ့ ယောကျာ်းတစ်ဦးဟာ သူ့ကားရှေ့တည့်တည့်မှာရပ်ပြီး လာအော်ပြောနေသည်။ သက်လွှာအပေါ် စိုးရိမ်သည့်စိတ်၊ ထိုလူတွေကို ဒေါသထွက်သည့်စိတ်နှင့် ဇောကပ်ပြီး သိမ်မွေ့ထည်လည်း ကြောက်ရကောင်းမှန်း မသိတော့။ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး ဘေးမှ Luggage ကို ဆွဲယူကာ ကားပေါ်မှ ဆင်းလိုက်တော့ ရှေ့မှာစောင့်နေတဲ့လူက သူ့ရဲ့လက်မောင်းကို ကြမ်းကြမ်းတမ်းတမ်း လာဆွဲကိုင်ပြီး အိမ်ထဲသို့ ခေါ်လာခဲ့လေသည်။

ElegantWhere stories live. Discover now