37 (Unicode)

5.3K 563 42
                                    


" ဟာ ... ဟိတ်ကောင် .. "

ညနေခင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အိမ်သို့ပြန်သည့်လမ်းတွင် သက်လွှာ ဖုန်းအလုခံလိုက်ရသည်။ အနောက်မှ ကပ်ပါလာသည့် ဆိုင်ကယ်ပေါ်မှ လူနှစ်ယောက်က ဘေးကနေကျော်တက်ပြီး သက်လွှာရဲ့ ဆိုင်ကယ်ရှေ့ခြင်းထဲမှာထည့်ထားတဲ့ ဖုန်းကို ဆတ်ခနဲယူ၍ မောင်းပြေးတော့သည်။

" သူတောင်းစား သူခိုး ... "

အနောက်မှပါလာတဲ့ တာရာနဲ့ နှစ်ယောက်အတူတူ လိုက်ခဲ့ကြပေမဲ့လည်း အလစ်သုတ်သမားတွေက လမ်းကျိုလမ်းကြားတွေထဲ မောင်းပြေးပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားတော့သည်။

" တောက် .. သွားပါပြီကွာ။ အဲ့ဒီဖုန်းက တီလေးငါ့ကိုလက်ဆောင်ပေးထားတဲ့ ဖုန်းလေးဟ .. "

" ဒီကောင်တွေ လျင်တာ တအားပဲကွာ ... လိုက်နေတဲ့ကြားက မျက်ခြေရအောင် ဖြတ်သွားနိုင်တာ အံ့သြပါ့ .. "

" သူတောင်းစားလေးတွေ .. ဘဝဆက်တိုင်း ငရဲကနေ မတက်ရပါစေနဲ့ ... တောက် "

အခဲမကြေသော်လည်း နှမျောတသသဖြစ်ရုံကလွဲလို့ ဘာမှ လုပ်မရ။ အိမ်ပြန်ရောက်တော့ မနန်းရဲ့အိမ်သို့ သူအရင်ဆုံး သွားပြောမိသည်။

" တီလေးကို မနန်းပဲ အကြောင်းကြားထားပေးပါဦးနော်။ သက်လွှာ မနက်ဖြန်မှ ဖုန်းရုံးကိုသွားပြီး Sim card အသစ်ပြန်လုပ်ရမှာ .. ဖုန်းလည်း ပြန်ဝယ်ရဦးမယ်။ စိတ်ညစ်လိုက်တာ ..  "

" နောက်ဆို အဲ့လိုပါသွားရင် သူတို့နောက်ကို လိုက်မသွားနဲ့ သက်လွှာရဲ့။ တော်ကြာ လမ်းကြားထဲခေါ်သွားပြီး ကိုယ့်ကို ထိခိုက်အောင် တစ်ခုခုလုပ်နေမှဖြင့် ... "

" ထိခိုက်ခါမှ ထိခိုက်တော့ မနန်းရယ် .. ကိုယ့်ပစ္စည်းကို အဲ့လို မတော် မတရား အလစ်သုတ်သွားတာကိုတော့ ပေါက်ကွဲတယ် တကယ် .. ။ ပြီးတော့ အဲ့ iPhone 8 လေးက တီလေးကိုယ်တိုင် လိုက်ဝယ်ပေးထားတာ .. "

" အခုလည်း တို့သူဌေးမက သိတာနဲ့ ဟိုကနေ ချက်ချင်းလှမ်းပို့ပေးလောက်တယ် .. "

မနန်းက ပြုံးစစနဲ့ ပြောသည်။

" ဟာ .. မပို့နဲ့လို့ ပြောပေးနော်။ ဒီတစ်ခါတော့ သက်လွှာဘာသာဝယ်မယ်လို့။ ပိုက်ဆံစုထားတာရှိတယ် .. "

ElegantWhere stories live. Discover now