36 (Unicode)

5.6K 493 53
                                    


" ဒီအခန်းလေးမှာပဲ နေတာလား .. မကျဉ်းဘူးလား သက်လွှာရယ် "

ပြည့်ဖူးနဲ့ ၂ ယောက်အတူနေတဲ့ အခန်းလေးကို လှည့်ပတ်ကြည့်ရင်း ခုတင်ပေါ်မှာ ဘေးတစောင်းလေးဝင်ထိုင်နေသည့် သူမ။

" မကျဉ်းပါဘူး တီလေးရယ်။ နေရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီည ဒီမှာ တီလေးအိပ်လို့ အဆင်မှပြေပါ့မလားလို့ စိတ်ပူနေတာ ... Air Con လည်း မတပ်ရသေးဘူးဆိုတော့လေ ... "

ရှေ့မှာ ရပ်ပြီးပြောလိုက်တော့ သူမက ပြုံးပြုံးလေးနဲ့ မော့ကြည့်နေသည်။ ပြီးတော့သူ့ခါးကို အသာလေး လာဖက်ထားသည်။

" သက်လွှာရှိရင် အကုန်အဆင်ပြေတယ် ... "

သူ့ရင်ခွင်ကို မျက်နှာအပ်ထားပြီး တိုးတိုးလေး လာပြောနေသည့် သူမ။ ပြူတင်းပေါက်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းလေးက အေးသက်သက်လေး။ အခန်းဆီးစလေးကလည်း တလွင့်လွင့်နှင့်။ သူမရဲ့ နှာဖျားမှ ထွက်လာတဲ့ ဝင်လေ ထွက်လေတို့က ရင်ဘတ်ကို ခပ်ငွေ့ငွေ့လေး လာရောက် ရိုက်ခတ်နေသည်။

" တို့တွေ နှစ်ယောက်စလုံး .. အရမ်းကို ပင်ပန်းခက်ခဲတဲ့အချိန်တစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးပြီပဲ .. ။ တကယ့်ကို မယုံချင်စရာကောင်းလောက်တဲ့ အချိန်တွေကိုတောင် အတူလက်တွဲပြီး ကျော်ဖြတ်ခဲ့သေးတာပဲ .. ရှေ့ဆက် ရင်မဆိုင်ရဲစရာ ဘာမှမရှိတော့ဘူးကွယ် "

အင်္ကျီစပေါ်၌ ပူနွေးစိုဆွတ်တဲ့ ခံစားချက်လေး ကျရောက်လို့လာသည်။ သူမရဲ့ မျက်ရည်တွေကို သူ့အင်္ကျီက စုပ်ယူလိုက်ပြီဆိုတာကို သက်လွှာ သိနေသည်။ သူကိုယ်တိုင်လည်း မျက်ရည်တွေက အဆက်မပြတ်ကျဆင်းလို့နေဆဲပင်။

" ဒါပေါ့ တီလေးရယ် ... "

ရင်ခွင်ထဲ ပုံအပ်ထားတဲ့ သူမရဲ့ ဆံနွယ်စလေးတွေကို သူလက်နဲ့ အသာလေးပွတ်သပ်ပေးရင်း အမြတ်တနိုးဖြင့် ငုံ့၍ နမ်းရှိုက်မိသည်။

" ခရီးပမ်းလာတယ်ဆိုတော့ လန်းသွားအောင်လို့ ရေချိုးချင်လား တီလေး ... ။ နောက်ပြီး ခေါင်းမလျှော်ရတာ ကြာပြီ မဟုတ်လား ... သက်လွှာ လျှော်ပေးမယ်လေ ... "

" အင်း .. "

သူမက ခေါင်းလေးတစ်ချက်ညိတ်ရင်း သူ့မျက်နှာကို မော့ကြည့်သည်။ ပေါက်ပြဲထားတဲ့ နှုတ်ခမ်းထောင့်က ဒဏ်ရာလေးက ယခုတိုင် ရှိနေဆဲ။ ထိုနှုတ်ခမ်းထောင့်လေးပေါ်သို့ သူဖွဖွလေး ငုံ့နမ်းရင်း

ElegantWhere stories live. Discover now