25 (Unicode)

7K 605 57
                                    

Special Episode

ကျောပေါ်မှာ ကုန်းပိုးခေါ်လာပေးခဲ့တဲ့ သိမ်မွေ့ထည်ကို သက်လွှာ ခုတင်ပေါ်မှာ ဖြည်းဖြည်းလေး ချပေးလိုက်ပြီး စောင်လေးကို ဖြန့်၍ ခြုံပေးလိုက်သည်။

" Good night တီလေး။ အိပ်ပျော်အောင် အိပ်တော့နော် "

နဖူးလေးကို ဖွဖွလေးတစ်ချက် နမ်းရှိုက်ပြီး လှည့်ထွက်ဖို့အတွက် ဟန်ပြင်မိတော့ သိမ်မွေ့ထည်က သက်လွှာရဲ့ လက်လေးကို ဖမ်းဆွဲကိုင်လိုက်လေသည်။

" ဒီည တီလေးနဲ့ အတူတူ အိပ်ပေးလို့ရမလားဟင် "

သက်လွှာ ရဲ့မျက်နှာကို ကြည်လင်တောက်ပတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း ပြောလိုက်တော့ ဟိုကလေးက ပြုံးဖြီး၍

" သိပ်ကိုရတာပေါ့ တီလေးရဲ့ "

သက်လွှာ တစ်ယောက် ဘယ်အချိန်တည်းက သူ့တီလေးရဲ့ဘေးမှာ အိပ်ချင်နေတယ် မသိ။ ဟိုကခေါ်လိုက်တာနဲ့ ခုတင်ပေါ်ကို ဆွေ့ကနဲ ခုန်တက်ပါတော့သည်။ ပြီးတာနဲ့ စောင်ပုံထဲသို့ တိုးဝင်ပြီး သူ့တီလေးရဲ့ ရင်ခွင်ထဲမှာ ကြောင်ပေါက်စလေးတစ်ကောင်လိုမျိုး ဖက်တွယ်ထားတော့သည်။

" ဒါနဲ့ .. သက်လွှာ အိပ်ပျော်ပြီးမှ ငလျင်လှုပ်တာကို သိပြီး နိုးလာတာလား "

ရင်ခွင်ထဲမှာ မှေးစက်နေတဲ့ သက်လွှာရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း သိမ်မွေ့ထည် မေးလိုက်တော့ ဟိုက မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ပြန်မော့ကြည့်နေသည်။

" ဟင့်အင်း။ သက်လွှာ စာထိုင်လုပ်နေတာ တီလေးရဲ့။ အစက ငလျင်လှုပ်မှန်း မသိဘူး။ အမိုးက ဖန်မီးဆိုင်းကြီးတွေ အသံမြည်ပြီး ယိမ်းခါနေတာမြင်တော့မှ သိတာ "

" တီလေးလည်း အိပ်မပျော်တာနဲ့ အိပ်ဆေးထသောက်ဖို့ ဟန်ပြင်နေတာလေ။ ဒီတစ်ခါ ငလျင်က တော်တော်ပြင်းသား။ မနက်ဖြန်ကျရင်တော့ Site ထဲကို တစ်ချက် လှည့်ပတ်ကြည့်ရဦးမယ် "

" တီလေးလည်းနော် အလုပ်ကို နည်းနည်းလောက်တော့ လျော့လုပ်ဦး။ မနက်ဆိုလည်း အစောကြီးထရတယ်။ ညကျတော့လည်း မအိပ်ပြန်ဘူး။ ကြာရင် ကျန်းမာရေးထိခိုက်လိမ့်မယ် သိလား "

ElegantWhere stories live. Discover now