39 (Unicode)

6.8K 583 60
                                    


( ၁ လခန့် ကြာပြီးနောက် ... )

ရင်ထိတ်ဖွယ်ရာ စိုးရိမ်ပူပန်စရာ အချိန်တွေ အားလုံးကျော်လွန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဒေါ်ဒေါ်မြ ဆုံးတာ တစ်လပြည့်သည့် နေ့တွင် သိမ်မွေ့ထည် အိမ်ကိုပြန်၍ ဘုန်းကြီးဆွမ်းကပ်ကာ ကွယ်လွန်သူအတွက် အလှူဒါနပြုပေးခဲ့သည်။ သက်လွှာကတော့ ပစ္စည်းတွေ ပြန်သွားသိမ်းဖို့နဲ့ လုပ်ငန်းခွင်ထဲက ဆရာသမားတွေကို နှုတ်ဆက်ဖို့အတွက် မကွေးကို ခဏပြန်သွားလေသည်။ သက်လွှာ မရှိတဲ့ အချိန်တွေမှာ ချိုမာနဲ့ နန်းက သိမ်မွေ့ထည်ရဲ့ အနားနေပြီး အနီးကပ်ကြည့်ရှု စောင့်ရှောက်ပေးခဲ့ကြသည်။

စိုင်းကတော့ ဒီရက်ပိုင်း အိမ်မှာ သိပ်မရှိခဲ့။ သူ့မိန်းမ ခေသီဟန်က ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်းတွင် သွေးနုသားနုဖြင့် စိတ်ရှုးဖောက်သွားတာကြောင့် စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်၍ အခြေအနေစောင့်ကြည့်နေခဲ့ရသည်။

🎹     🎹     🎹

" ဟော .. ဆုလေးတောင်ရောက်လာပြီ .. "

" ဒီနေ့တော့ နည်းနည်းနောက်ကျသွားတယ် မမရယ်။ ရုံးချိန်းတွေ ဆက်တိုက်ရှိနေလို့ .. "

ဆင်စွယ်ရောင် ရင်ဖုံးအင်္ကျီလေးနှင့် ဇင်းမယ်ထဘီလေးကို တွဲဖက်ဝတ်ဆင်လာတဲ့ ဆုသည် ဧည့်ခန်းမှာ ထိုင်နေသည့် သိမ်မွေ့ထည်ရဲ့ နံဘေး၌ ဝင်ထိုင်ရင်းပြော၏။

" အဲ့ဒါများ ဆုလေးရယ်။ မမဆီကို တကူးတက ဝင်နေရသေးတယ်လို့ .. အိမ်ကိုပဲ တန်းပြန်ပြီး နားတာ မဟုတ်ဘူးကွယ် "

သိမ်မွေ့ထည် ပြောတော့ ဆုက ချွဲနွဲ့သောလေသံလေးနဲ့

" ဟင် မမကလည်း .. ဆုက မမမျက်နှာလေးကို နေ့တိုင်း မြင်တွေ့ချင်လို့ လာနေတာလေ "

" အောင်မလေးတော် .. လာပြီးချွဲနေလိုက်တာ ကြည့်စမ်း "

" အဲ့လိုချွဲချင်လို့ကို တမင်ရည်းစား မထားသေးတာ .. "

ဧည့်ခန်းထဲ၌ နှစ်ယောက်သားရဲ့ ရယ်မောသံ လွင်လွင်လေး ပေါ်ထွက်လို့နေသည်။

" မနက်ပိုင်းက ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကို ရောက်သေးတယ်။ အမှုသည်တစ်ယောက်ရဲ့ အခြေအနေကို သွားကြည့်ရတာလေ။ အဲ့ဒါနဲ့ ဒေါ်ခေသီဟန်ရဲ့ အခြေအနေကိုလည်း လမ်းကြုံ ဝင်ကြည့်ဖြစ်လိုက်သေးတယ်။ အခြေအနေက တော်တော်လေးဆိုးတယ် မမရယ် .. သူ့ကလေးကလွဲပြီး သူဘာကိုမှ မမှတ်မိတော့ဘူး။ စိုင်းကိုတောင် သူ့ခင်ပွန်းဖြစ်တယ်ဆိုတာကို မှတ်မိဟန် မတူဘူး .. သားလေး သားလေးနဲ့ တကြော်ကြော်ခေါ်လိုက် ငိုလိုက်ရယ်လိုက်နဲ့။ အင်း .. အခုလိုကျပြန်တော့လည်း သနားစရာကောင်းသား မမရယ် "

ElegantTempat cerita menjadi hidup. Temukan sekarang