33 (Zawgyi)

994 27 1
                                    

" မမ လုပ်ခိုင်းထားတဲ့ စာရွက်စာတမ်းတွေ .. "

" လုပ်လို့တောင် ပြီးလာပြီလား မြန်လိုက်တာ ဆုလေးရယ် "

" ဒါနဲ့ မမဖုန်းထဲမှာ ပြောတဲ့ကိစ္စက .. ဘာများလဲဟင် "

" သြော် .. တခြားမဟုတ်ပါဘူး ဆုလေးရယ်။ မမလည်း အရွယ်လေးနည်းနည်း ရလာပြီဆိုတော့ .. သေတမ်းစာလေး ကြိုတင်ပြင်ဆင်ထားရင်ကောင်းမလား တွေးမိလို့ပါ "

သိမ်မွေ့ထည်က ခပ်ပြုံးပြုံးလေးနဲ့ ပြောနေသော်လည်း ဆုကတော့ အတွေးများပြီး တစ်ခုခုကို စိုးရိမ်ပူပန်သွားသည့်ဟန်ဖြင့်

" မမ .. ဒီအတိုင်း တွေးတဲ့ အတွေးတစ်ခုကော ဟုတ်ရဲ့လား ? နေလို့ထိုင်လို့ မကောင်းတာမျိုး ဖြစ်နေလို့လား "

" မဟုတ်ပါဘူး ဆုလေးရယ်။ မမ နေကောင်းပါတယ် "

" သေချာရဲ့လား။ မမမျက်နှာက ဟိုအရင်တစ်ခါကထက် ပိုကျသွားတယ်နော်။ မျက်ကွင်းတွေလည်း ညိုလို့။ ဆုကို ဘာမှ မဖုံးကွယ်ရဘူးနော် "

" အောင်မလေး အမှုစစ်ရှေ့နေကြီးရယ် .. မမ တကယ်ဘာမှ မဖြစ်တာပါ။ ကျန်းမာရေးက အကောင်းကြီး။ ညဘက် အိပ်ရေးပျက်တာများလို့ မျက်ကွင်းတွေကျနေရုံပဲ ရှိတာ။ သေတမ်းစာ လုပ်ထားချင်တယ်ဆိုတာကလည်း သက်လွှာရဲ့ နောင်ရေးအတွက်ပါ။ လူ့ကံတရားဆိုတာက ဘယ်နေ့ ဘာထဖြစ်မလဲ သေချာမသိနိုင်ဘူးလေ။ မမသာ ရုတ်တရက် တစ်ခုခု ထဖြစ်ရင် သက်လွှာ ဒုက္ခရောက်မှာ။ အဲ့ဒါကြောင့် ကြိုတင်ပြင်ဆင်ထားချင်တာ ... "

အောက်ထပ်က ဧည့်ခန်းထဲမှာ အေးအေးဆေးဆေး စကားထိုင်ပြောနေကြတဲ့ သိမ်မွေ့ထည်နဲ့ ဆုဇာချည်ခြယ်တို့ရဲ့ အသံတွေကို တံခါးပေါက် နောက်ကွယ်ကနေ ချောင်းနားထောင်နေတဲ့ လူတစ်ယောက်ရှိသည်။ သူကတော့ ခေသီဟန်ပင်။ သို့ပေမဲ့ အခန်းထဲကို အအေးခွက်လေးတွေ လာပို့တဲ့ ချိုမာကို မြင်တော့ လျစ်ခနဲ လှည့်ထွက်သွားသည်။ ချိုမာလည်း ခေသီဟန် ခိုးနားထိုင်နေတာကို မြင်ပြီး စိတ်ထဲထင့်သွား၏။ အစောပိုင်းကတည်းက သက်လွှာ သတိပေးထားလို့ ခေသီဟန်ကို ချိုမာ စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။

' ဒီမိန်းမ ကြည့်ရတာ သိပ်တော့ မူမမှန်ဘူး။ ညီမလေးသက်လွှာ သတိပေးထားသလိုပဲ သေချာစောင့်ကြည့်မှကို ဖြစ်တော့မယ် ´

ElegantWhere stories live. Discover now