18 (Zawgyi)

1.3K 37 0
                                    

အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ လှပလွန်းတဲ့ Cheese ကိတ်လေးတစ်လုံးက သက်လွှာကို စောင့်ကြိုလို့နေသည်။

" ဟိတ် .. တို့နောက်မကျသေးပါဘူးနော် .. "

" ဟာ အစ်မဆု။ နောက်မကျသေးဘူး အစ်မရဲ့။ အခုမှ ကိတ်ပေါ် ဖယောင်းတိုင်စိုက်နေတာ "

ကျောက်စိမ်းရောင် ပါတိတ်ဝမ်းဆက်လေးနဲ့ ဆံပင်ကို ကပိုကရိုလေးထုံးဖွဲ့ထားတဲ့ အစ်မဆု။ သက်လွှာရဲ့ အသက် ၁၆ နှစ်ပြည့်သည့် မွေးနေ့လေးက အဖေနဲ့အမေ မရှိတော့တာကလွဲလို့ ကျန်တာအကုန်လုံး ပြီးပြည့်စုံပါသည်။ စခင်တာ မကြာသေးပေမဲ့ သူ့အပေါ်မှာ တကယ်ကောင်းပေးတဲ့ သူငယ်ချင်းနှစ်ယောက်ရယ်၊ အစ်မအရင်းတစ်ယောက်လို သူ့ကိုဂရုစိုက်ပေးပြီး ချစ်ပေးတဲ့ အစ်မဆုဇာချည်ခြယ်ရယ်။ အစ်မချိုမာနှင့် ဒေါ်ဒေါ်မြ။ နောက်ပြီးတော့ သူ့ကို ပြုံးပြုံးလေး ငေးစိုက်ကြည့်နေတဲ့ သူမ .. ။

"Happy Birthday to you .. happy birthday to you .. ချစ်ရတဲ့ သက်လွှာ happy birthday to you .. "
အားလုံးဝိုင်းပြီး ဆိုပေးကြတဲ့ မွေးနေ့သီချင်းလေးကို နားထောင်ပြီးနောက် သက်လွှာ ပြုံးရွှင်စွာဖြင့် ဖယောင်းတိုင်မီးတွေ အကုန်ငြိမ်းသွားအောင် မှုတ်လိုက်သည်။

" ကဲ ခွံ့ကျွေးပါ .. ခွံ့ကျွေးပါ မွေးနေ့ရှင်ရေ .. "

ကိတ်ကိုလှီးပြီး ကြွေပန်းကန်ပြားထဲသို့ ထည့်ပြီးတဲ့အချိန်၌ ဘေးက ပြည့်ဖူးက ပါးစပ်လေးကိုဟထားပြီး လက်ညှိုးထိုးပြသည်။

" နေပါဦးဟ ငါ့တီလေးကို အရင်ကျွေးပါရစေဦး .. "

သူ့သူငယ်ချင်းကို မျက်စောင်းလေးထိုးပြီး သက်လွှာ သူ့တီလေးကို ကိတ်သွားခွံ့ကျွေး၏။

" ကောင်းလား တီလေး .. "

သက်လွှာ မေးတော့ သူမက ခေါင်းလေးညိတ်ပြသည်။ ကိတ်ကို ဝါးနေရတာကြောင့် သူ့ကို စကားပြန်မပြောနိုင်တဲ့ သူ့ရဲ့တီလေးသိမ်မွေ့ထည်။ သူကလည်း စေတနာတွေပိုပြီး ကိတ်ကို အတုံးအကြီးကြီး ခွံ့ကျွေးမိခဲ့တယ်လေ။

" ကဲ ဒီတစ်ခါ အစ်မဆုရဲ့ အလှည့် .. "

" ဟုတ်ပါပြီရှင် .. "

" ဖြည်းဖြည်းခွံ့ပါ သက်လွှာရယ် "

ပြည့်ဖူး အလှည့်၌ ပန်းကန်ထဲကျန်နေတဲ့ ကိတ်တုံးအကြီးကြီးကို အကုန်ထိုးထည့်ပေးလိုက်တာကြောင့် ပြည့်ဖူးခမျာ စကားပင် ချက်ချင်း မပြောနိုင်။ အတော်ကြာမှ မျက်နှာကြီးရှုံ့မဲ့ပြီးပြော၏။ ကိတ်ကိုထပ်လှီးပြီး အစ်မချိုမာနဲ့ ဒေါ်ဒေါ်မြကို အရင်သွားခွံ့ကျွေးသည်။ နောက်ဆုံးကျမှ ရှိုင်းတာရာကို ခွံ့၏။

ElegantWhere stories live. Discover now