21 (Unicode)

7.3K 659 37
                                    


မနက်ရောက်တော့ သိမ်မွေ့ထည် ထင်ထားခဲ့သည့်အတိုင်းပင်။ သက်လွှာဟာ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ဘာဆို ဘာတစ်ခုမျှ မမှတ်မိတော့ပါ။

" ညက တစ်ညလုံး ဘေးမှာထိုင်စောင့်ပေးနေတာလားဟင် "

သူ့တီလေးရဲ့ ညိုနေတဲ့ မျက်ကွင်းနှစ်ဖက်နဲ့ နီနေတဲ့ မျက်ဝန်းတွေကိုမြင်ပြီး  သက်လွှာ စိုးရိမ်စိတ်ဖြင့် မေးလိုက်တော့ သိမ်မွေ့ထည်က ခပ်ဖျော့ဖျော့လေး ပြုံးပြသည်။

" သက်လွှာက တစ်ညလုံး ညည်းနေတယ်လေ။ ဘယ်အချိန်ထပြီး အန်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာ။ အခုဘယ်လိုနေသေးလဲ အန်ချင်နေသေးလား .. "

ကရုဏာသက်သည့်လေသံလေးနဲ့အတူ အပြုံးဖျော့ဖျော့လေးဖြင့် မေးနေသည့် သိမ်မွေ့ထည်ကို ငေးကြည့်ရင်း သက်လွှာ ဝမ်းနည်းသွားသည်။

" ဟင့်အင်း။ ခေါင်းပဲ နည်းနည်းကိုက်နေတာပါ "

" အခုထပြီး မျက်နှာသစ် အဝတ်အစားလဲလိုက်။ ပြီးရင်း မနက်စာစားပြီး ဆေးတစ်လုံးသောက်လိုက်နော် "

" ဟုတ်ကဲ့ .. "

မျက်နှာငယ်လေးနဲ့ ပြန်ဖြေနေတဲ့ သက်လွှာရဲ့ ခေါင်းလေးကို သိမ်မွေ့ထည် တစ်ချက်လေး ပွတ်သပ်ပေးလိုက်ရင်း

" ထတော့နော်။ တီလေးလည်း အခန်းထဲပြန်ပြီး ခဏသွားနားလိုက်ဦးမယ် "

အားမရှိပဲ နုံ့ချိနေသည့်လေသံလေးနဲ့ သိမ်မွေ့ထည် ပြောလိုက်တော့

" မနက် .. ဟို မနက်စာ စားပြီးမှ အိပ်လိုက်ပါလား တီလေးရယ်။ ဗိုက်ဆာနေမှာပေါ့ "

သက်လွှာ ပြောနေရင်းနဲ့ ဘေးကိုလက်ထောက်ပြီး ချက်ချင်းထလိုက်မိတာကြောင့် ခေါင်းတစ်ခြမ်းက ဆစ်ခနဲ ထိုးကိုက်လို့လာသည်။

" ဖြည်းဖြည်းထတာ မဟုတ်ဘူး "

သူ့ရဲ့နားထင်ကို လက်နဲ့ အသာလေးဖိပွတ်ပေးရင်း ပြောနေတဲ့ သူ့တီလေးကို သက်လွှာ ငေးကြည့်ရင်း အားတုံ့အားနာဖြစ်မိပြန်သည်။

" မနက်စာ လာပို့ခိုင်းလိုက်မယ်။ အောက်ဆင်းမနေနဲ့တော့ ဒီမှာပဲစားလိုက်နော်။ နောက်ပြီး ဒီဆေးလေးတစ်လုံးသောက်လိုက် .. ဗိုက်ထဲ ပူစပ်စပ်ကြီးဖြစ်နေသေးတယ်ဆိုရင် ဒီပန်းရောင်ဆေးပြားလေးကိုပါ ဝါးစားလိုက်နော်။ ကဲ တီလေးသွားနားတော့မယ်"

ElegantWhere stories live. Discover now