31 (Unicode)

5.3K 595 83
                                    

နောက်ဆုံးနှစ်ရဲ့ 1st semester စာမေးပွဲဖြေဆိုပြီးသွားတဲ့ အချိန်ကစပြီး သက်လွှာနဲ့ သိမ်မွေ့ထည်တို့ နှစ်ဦးရဲ့ ကြားထဲက ဆက်ဆံရေးမှာ အတော်လေးကို အေးစက်သွားခဲ့ကြသည်။ သိမ်မွေ့ထည် ဘက်ကတော့ ဟိုးအရင်ကအတိုင်းပဲ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ဆက်ဆံခဲ့ပေမဲ့လို့ သက်လွှာကတော့ အမြဲတမ်း ရှောင်ဖယ် ရှောင်ဖယ်လုပ်နေခဲ့သည်။ ညအိပ်ရင်လည်း ဟိုအရင်လို အတူတူလာမအိပ်တော့သလို၊ မနက်ခင်းဆိုလျှင်လည်း မနက်စာအတူတူ ထမစားတော့။ သိမ်မွေ့ထည် အလုပ်သွားနေရတဲ့ အချိန်တွေမှာဆိုလျှင် သက်လွှာသည် သူ့အခန်းထဲမှာပဲ အချိန်ပြည့်အောင်းနေတတ်သည်။ သိမ်မွေ့ထည် အလုပ်အားလို့ အိမ်မှာရှိနေတဲ့ ရက်မျိုးကျတော့ သက်လွှာက အိမ်မှာ မကပ်။ မိုးလင်း မိုးချုပ် ပြည့်ဖူးရဲ့ အိမ်မှာပဲ သွားနေသည်။

သက်လွှာ တမင်ရှောင်နေတာကို ရိပ်မိလာတဲ့ သိမ်မွေ့ထည်လည်း အတွေးများစွာဖြင့် ချာချာလည်ရင်း နေ့စဉ်နဲ့အမျှ ရင်ထဲတသိမ့်သိမ့် နာကျင်ဝမ်းနည်းနေရရှာသည်။

သူတို့နှစ်ယောက် ခက်ခက်ခဲခဲ တည်ဆောက်ထားကြရတဲ့  Relationship လေးဟာ လူသိရှင်ကြား ဖြစ်သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာတည်းက ပြစ်တင်ဝေဖန်မှုတွေများစွာကို ခံခဲ့ကြရသည်။ သက်လွှာက ငယ်သေးတာကြောင့် ထိုဝေဖန်မှုတွေရဲ့ဒဏ်ကို မလွန်ဆန်နိုင်ပဲ စိတ်ဖိစီးမှုတွေ များနေခဲ့လို့ ဒီ relationship ကို အဆုံးသတ်ချင်နေတာလား ... ။ ဒါမှမဟုတ် ဇင်လှိုင်မြင့်နဲ့ သူကျောင်းမှာ ရန်ဖြစ်ခဲ့ကြတဲ့ ကိစ္စကြောင့်ပဲလား .. ။ ထိုကိစ္စတုန်းကလည်း သူဟာ လူကြီးဖြစ်နေပြီး စိတ်အလိုနောက်ကို လိုက်ခဲ့မိသည်လေ။ လူကြီးတန်မဲ့ ဒေါသမထိန်းပဲ ပြုမူခဲ့မိသည့် အပြုအမူတစ်ခုကြောင့် သက်လွှာလည်း ကျောင်းမှာ အရှက်ရပြီး သိက္ခာကျခဲ့မှာပဲ .. ။ ဒါ့ကြောင့်ပဲ ယခုလိုရှောင်ဖယ်နေပြီး သူ့အပေါ်မှာ ထားရှိပေးခဲ့တဲ့ သူ့ကလေးရဲ့ ချစ်ခြင်းမေတ္တာတွေက တစ်ခန်း ရပ်စဲသွားခဲ့တာလား ... ။

အစရှိသဖြင့် နေ့စဉ်ရက်ဆက် တွေးတောမိရင်း သက်လွှာဟာ တကယ်ပဲ သူ့ကို စိတ်ပျက်သွားပြီ၊ ဆက်ပြီး မချစ်ပေးနိုင်တော့ဘူးထင်တယ်လို့ အမြဲတွေးနေခဲ့မိသည်။

ElegantWhere stories live. Discover now