20 (Unicode)

8.9K 736 57
                                    

ညစာစားဖို့အတွက် အောက်ထပ်သို့ သိမ်မွေ့ထည် ဆင်းလာတော့ သက်လွှာက မရောက်သေး။

" စားနှင့်တော့မလား မမလေး .. "

ချိုမာကမေးတော့ သိမ်မွေ့ထည် ခေါင်းသာခါပြလိုက်ပြီး သက်လွှာ ဆင်းလာမည့်အချိန်အထိ ထိုင်စောင့်နေမိသည်။ အချိန်ကား ည ၈ နာရီကျော်နေချေပြီ။ ခါတိုင်းဆိုလျှင် ၇ နာရီထိုးတာနဲ့ ထမင်းဝိုင်းကို ဦးစွာရောက်နှင့်နေတတ်တဲ့ သက်လွှာက ယနေ့တော့ ၈ နာရီကျော်တဲ့အချိန်အထိ ပေါ်မလာခဲ့။ ချိုမာနဲ့ ဒေါ်ဒေါ်မြတို့နှစ်ယောက်လည်း ဘာမှထပ်ပြီး မပြောဝံ့ကြ။ သူတို့ရဲ့ မမလေး မျက်နှာအရိပ်အချည်ကိုသာ စောင့်ကြည့်နေကြသည်။

" ချိုမာ ... "

" ရှင်မမလေး"

" သက်လွှာတစ်ခုခုများဖြစ်နေသလားဆိုတာကို အခြေအနေသွားကြည့်ပေးပါဦး "

" ဟုတ်ကဲ့ .. "

ဒီလိုနဲ့ ချိုမာတစ်ယောက် အပေါ်တက်သွားသည်။ ပြန်ဆင်းလာတော့

" ညီမလေးသက်လွှာက ရင်ထဲမှာ အစာမကြေသလိုဖြစ်နေလို့ ညစာတမင် လာမစားတော့တာတဲ့ မမလေး "

ညနေက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် သူ့ကိုယခုထိ စိတ်ဆိုးမပြေသေးလို့ မျက်နှာချင်းမဆိုင်ချင်တာနဲ့ တမင်ဆင်းမစားတာလားလို့ သိမ်မွေ့ထည် တွေးမိလိုက်သည်။ ဒါပေမဲ့ တကယ်ပဲ အစာမကြေဖြစ်ပြီး နေမကောင်းဖြစ်နေမှာကိုလည်း စိုးရိမ်မိပြန်သည်။ သူကိုယ်တိုင် တက်သွားပြီး အခြေအနေကို သွားကြည့်ချင်ပေမဲ့လို့ တကယ်လို့များ သက်လွှာက သူ့ကို တမင်ရှောင်နေတာဆိုလျှင် သူ့ကလေးလေး အနေရခက်သွားမှာကို စိုးထိတ်မိတာကြောင့်

" အစာလုံးဝမရှိရင် ပိုဆိုးလိ်မ့်မယ်။ ကိတ်မုန့်နဲ့ ချောကလက်ပူပူလေး တစ်ခွက်လောက်ဖျော်ပြီး သွားပို့ပေးလိုက်ပါဦး ချိုမာရယ်။ အခြေအနေက ဘယ်လိုရှိလဲ။ တအားဆိုးတဲ့ပုံပေါ်လား။ ဆိုးရင်တော့ ချက်ချင်းဆရာဝန်အိမ်ပင့်ရမယ် "

" အရမ်းကြီး ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး မမလေး။ ချိုမာလည်း သေချာမေးကြည့်ခဲ့သေးတယ်။ ဒီတိုင်း အစာမကြေရုံလောက်ပါပဲတဲ့ "

ElegantOpowieści tętniące życiem. Odkryj je teraz