11 (Unicode)

7.1K 703 64
                                    

" အင်း .. အကုန်မှန်တယ် ရော့ .. "

သက်လွှာ ရေးဖြေထားတဲ့ Grammar တွေအကုန်မှန်နေသဖြင့် သိမ်မွေ့ထည်သဘောတွေကျပြီး မျက်နှာလေးက ပြုံးလို့နေသည်။

" ရော့ ... အသဲလေးပါ ပေးလိုက်တယ် " 

ရှေ့ကို ထိုးရွှေ့ပေးလိုက်တဲ့ စာအုပ်ကို သက်လွှာ ငုံ့ကြည့်လိုက်တော့  မှင်နီနဲ့ V.V Good လို့ရေးထားသည့် စာကြောင်းလေး။ အဲ့ဒီဘေးမှာမှ အသဲပုံလေး ဆွဲထား၏။ သက်လွှာ မျက်ခုံးပင့်ကာ မော့ကြည့်လိုက်တော့ သူမက Eyes smile မျက်ဝန်းလေးနဲ့အတူ တခစ်ခစ်ရယ်ပြလို့နေသည်။

" ကလေးဆန်လိုက်တာ "

ခပ်တည်တည်နဲ့ ရေရွတ်လိုက်ပါသော်လည်း သက်လွှာရဲ့ရင်ထဲမှာတော့ နွေးနွေးလေးဖြစ်နေသည်။ သဘောကျပါသော်လည်း သဘောမကျတဲ့ပုံစံ ဟန်ဆောင်လုပ်ပြနေရတာက သက်လွှာအတွက် ခက်တော့ အခက်သား။

" ဒီနေ့တော့ ဒီလောက်နဲ့နားကြတာပေါ့ "

သူမသည် မီးခိုးရောင်ဖျော့ဖျော့ ပိုးသားဂါဝန်ရှည်လေးကို ဝတ်ဆင်ထားပြီး အပေါ်မှ Cardigan အဖြူဆွတ်ဆွတ်လေးကို ထပ်ထားသည်။ ဆံပင်ကို  ကျောလည်မှာ ဖဲကြိုးစအဖြူလေးနဲ့ ခပ်လျော့လျော့လေးစည်းထား၏။ သူမသည် ဒီညမှာလည်း ယဉ်ယဉ်လေးနဲ့ကို လှနေသည်။ ဖြစ်နိုင်လျှင် စာသင်ချိန်တွေကို ထပ်တိုး၍ သင်ချင်နေမိသည်။ အကြောင်းပြချက် မရှိပါပဲ သူမနဲ့ အတူတူရှိနေချင်သေးသည်။ စကားတွေ တစ်ခွန်းစ နှစ်ခွန်းစ ပြောချင်သေးသည်။ သို့သော်လည်း ... ။

" ဟုတ်ကဲ့ "

တွေတွေလေးငေးကြည့်ရင်း သက်လွှာ ခေါင်းညိတ်ပြလိုက်သည့်အချိန်တွင်

" သက်လွှာ .. "

" ရှင် "

" ဒီနံရံမှာ ကပ်ထားတဲ့ ပုံထဲက ကောင်မလေးက ဘယ်သူလဲဟင် "

သူမက စာကြည့်စားပွဲရဲ့ ဘေးနံရံမှာကပ်ထားတဲ့ Taeyeon ရဲ့ပုံကို ကြည့်ပြီးမေးသည်။

" အဲ့ဒါ Kim Tae Yeon လေ။ မသိဘူး မဟုတ်လား .. အင်းပေါ့လေ တီလေးက အသက် ၄၀ နားကပ်နေပြီဆိုတော့ အခုခေတ်နာမည်ကြီးနေတဲ့ K-pop အဆိုတော်တွေကို ဘယ်သိပါ့မလဲ "

ElegantWhere stories live. Discover now