32 (Unicode)

5.2K 557 37
                                    

တစ်နေကုန် ဘာမှလည်း စားမဝင်။ အလုပ်လည်း မလုပ်နိုင်။ တစ်ချိန်လုံး ဖုန်းလေးသာ ဘေးချထားပြီး သက်လွှာဆီမှ ရောက်လာမည့် Message ကိုသာ မျှော်နေမိသည်။ ည ၇ နာရီကျော်လောက်ကျမှ စာလေးတစ်စောင် ဝင်လာခဲ့သည်။

'တီလေး သက်လွှာ မကွေးက အိမ်ကိုရောက်ပြီ´

ထိုစာလေးမြင်ရတော့ သိမ်မွေ့ထည် မျက်ရည်တွေ ထပ်မံကျဆင်းလာပြန်သည်။
'သြော် .. တကယ်ကို ဝေးသွားကြပြီပဲ´လို့တွေးရင်း ရင်ထဲက တဆစ်ဆစ်နာကျင်လာသည်။

" သမီးရဲ့မမက မေမေ့ကို တကယ်ထားသွားပြီကွယ် "

ခုတင်ပေါ်မှာ ကြောင်လေး Elsa ကိုဖက်ငိုရင်း နှုတ်မှတတွတ်တွတ် ရေရွတ်နေခဲ့မိသည်။

နောက်နေ့တွေမှာလည်း ထို့အတူပင်။ ၃ ရက်လောက်အထိ Company ကိုမသွားနိုင်ခဲ့။ အစားလည်း သေချာဝင်အောင်မစား။ ချိုမာနဲ့ ဒေါ်ဒေါ်မြက ဝင်အောင် အတင်းကျွေးကြပေမဲ့လို့ တစ်လုပ်နှစ်လုပ်လောက်ကိုပင် မနည်းကျွေးကြရသည်။ ညဆိုလည်း မအိပ်။ ပိုဆိုးသည်မှာ လွန်ခဲ့တဲ့ နှစ်တွေက သက်လွှာကြောင့် ဖြတ်ထားခဲ့တဲ့ စီးကရက်ကိုတောင် ပြန်သောက်နေခြင်းပင်။ သောက်တော့လည်း အလွန်အကျွံ့ကို သောက်၏။ တစ်ရက်တည်းနဲ့ ၂ ဘူးလောက် ကုန်တဲ့အထိကိုပင်။ သူ့ရဲ့ အိပ်ခန်းထဲမှာ စီးကရက်ငွေ့တွေနဲ့ အမြဲပြည့်နှက်လို့နေ၏။

ညတစ်ညတွင် သူ့ရဲ့ စန္ဒယားလက်သံက အိမ်အောက်ထပ်တစ်ခုလုံးမှာ ပျံ့လွင့်လျက်ရှိသည်။ တီးနေတဲ့ သီချင်းလေးက Top of the world ဆိုတဲ့ သီချင်းလေး။ မှတ်မှတ်ရရ သက်လွှာကို ပထမဦးဆုံး သူတီးပြဖူးခဲ့တဲ့ သီချင်းလေးပေါ့ .. ။
သီချင်းက ပုံမှန်ဆို မြူးမြူးကြွကြွလေး တီးခတ်ရမှာဆိုပေမဲ့ ယနေ့ည ထွက်ပေါ်နေတဲ့ သံစဉ်ဟာတော့ လွမ်းဆွေးဖွယ်ရာလေးဖြစ်နေသည်။ စန္ဒယားခလုပ်တွေပေါ် ကျရောက်နေတဲ့ သူမရဲ့လက်သွယ်သွယ်လေးတွေက အရမ်းကို နှေးကွေးလွန်းနေသည်။ မျက်ရည်တွေလည်း ပါးပြင်တစ်လျှောက် စီးကျလျက် .. ။ စိတ်အာရုံထဲမှာ ပေါ်နေတာကလည်း ချစ်သက်လွှာဆိုတဲ့ သူ့ကလေးလေးရဲ့ ပုံရိပ်များပင် .. ။

' ဒေါ်သိမ်မွေ့ထည် .. ´
' တီလေး .. ´
' တီလေး .. ´

စတင်တွေ့ဆုံခဲ့စဉ်အခါက တင်းမာသော ဟန်ပန်အမူအယာဖြင့် 'ဒေါ်သိမ်မွေ့ထည်´လို့ ခပ်တင်းတင်း ခေါ်ခဲ့တဲ့ ပုံရိပ်တွေ .. ။
သူ့ကို နားလည် ခွင့်လွှတ်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြုံးရွှင်နေတဲ့ မျက်နှာထားလေးနဲ့ သူ့ကိုလှမ်းကြည့်ပြီး ခေါ်နေတဲ့ ထို ကလေးလေး .. ။
တစ်ခါတလေ ရုပ်တည်ကြီးနဲ့ နေတတ်ပေမဲ့ သူ့ကို အသေးအမွှားလေးကအစ ဂရုစိုက်ပေးတတ်သူလေး။ လမ်းလျှောက်စကျင့်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့တဲ့ ထိုကလေးရဲ့ မျက်နှာလေး ... ။
နောက်ဆုံး သူ့ကို ခွဲခွာသွားခဲ့တဲ့ မနက်ခင်းတုန်းက ရွှင်လန်းမှုမရှိတဲ့ မျက်နှာလေးနဲ့ သူ့ကို ကျောခိုင်းသွားခဲ့တဲ့ ထိုကလေးလေး ... ။

ElegantWhere stories live. Discover now