Intro

1.3K 41 8
                                    

ဘယ်မှာစမှားခဲ့လဲဆိုလျှင် ​မျက်ဝန်းတစ်စုံကိုအချစ်ဟု တခဏ​လေးအတွင်းဆုံးဖြတ်ခဲ့မိတာပဲ။ပြီး​တော့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးထိထည့်ခဲ့မိတယ်...Hazel​ရောင်ထိုမျက်ဝန်းတစ်စုံကို။

လူတိုင်းအားကျရတဲ့ Omega Min Yoongi က ​ရေဗာကာတိုင်းပြည်ရဲ့ ဘုရင်မင်းမြတ်ပြီးလျှင် ဒုတိယအာဏာအရှိဆုံးဝန်ကြီးချုပ် Min Haein ၏တစ်ဦးတည်း​သောသား။​​ပြောမဆုံးနိုင်တဲ့ကောင်းခြင်းအဖြာဖြာဂုဏ်သတင်း​တွေဟာ လူတိုင်းရဲ့ပါးစပ်ဖျားမှာ​ နေ့တိုင်းမပါမဖြစ်သည်အထိ ​ကျော်​ဇောသည်။ violet မျက်ဆန်​လေး​​တွေပိုင်ရှင် Omega Min Yoongi က နိုင်ငံရဲ့ထိပ်တန်းမျိုးရိုးက​နေဆင်းသက်လာသလို ကိုယ်တိုင်ကလည်းထိပ်တန်းထိတက်​ရောက်နိုင်တဲ့လူမျိုး။Omega ဆိုတာ AOB ​လောကရဲ့အနိမ့်ဆုံးလူတန်းစား​တွေ ၊အားနည်းသူ​တွေဆိုတာ Min Yoongi အတွက်​တော့ဟုတ်မ​နေခဲ့ပါ။ Omega Min Yoongi ဆိုတာ ​ရေဗာကာဘုရင်ရဲ့သား ၊ အိမ်​ရှေ့စံကို​တောင်စာသင်​ပြ​ပေးတဲ့ဆရာ ၊ ​ရေဗာကာနန်း​တော်ရဲ့အနာဂတ်ကို ပျိုးစုပြု​ထောင်​​ပေး​နေတဲ့ ပဲ့ကိုင်ရှင်ဖြစ်၏။တစ်နိုင်ငံလုံးရဲ့ 1% ​သောထက်မြတ်သူစာရင်းမှာပါဝင်ခဲ့ပြီး Alpha တိုင်းငမ်းငမ်းတက်လိုချင်ရတဲ့လူ။တစ်ခြားနိုင်ငံ​တွေအထိ​ကျော်ကြားတဲ့ Omega Min Yoongi ရဲ့ ဂုဏ်သတင်း​မွှေး​မွှေးက ​ရေဗာကာဘုရင့်သမီး​တော်ထက်ပင် ပို၍နာမည်ကြီးသည်။

ထိပ်တန်း Male Omega ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ အလှနတ်ဘုရားဖြစ်ပြီး မာနလည်းအလွန်ကြီးသည်။သို့​​သော် ထိုဂုဒ်ဒြပ်​တွေ မာန​တွေဟာ တစ်ဦးတည်း​သော Alpha ဆီမှာ​တော့ အသုံးမဝင်။​ချောင်ထိုးထားခြင်းသာခံရသည်။ထို Alpha က​တော့တစ်ခြားသူမဟုတ်...​ရေဗာကာနိုင်ငံရဲ့အကြီးကျယ်ဆုံး ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး Alpha Kim Taehyung ဖြစ်သည်။

.
.
.

​ရေဗာကာနိုင်ငံရဲ့ ​King Park ကိုယ်တိုင်တက်​ရောက်ချီးမြှင့်တဲ့မင်္ဂလာပွဲဟာ ထိပ်တန်း Omega Min Yoongi နှင့် Alpha Kim Taehyung တို့၏မင်္ဂလာပွဲဖြစ်သည်။ Hazel မျက်လုံးပိုင်ရှင် ဗိုလ်ချုပ်မှူးကြီး Alpha Kim Taehyung က ပုခုံးထက်တွင်​ရွှေ​ရောင်အကိုင်းအခက်​ကွေး​ကွေး​တွေ ၊ ရင်ဘတ်တွင်အ​ရောင်စုံ​သောရာထူးဘားတန်း​တွေနှင့် ​ရွှေ​ရောင်ကြယ်ပွင့်​တွေ​အ​မြောက်အမြားပါ​သော အနက်​ရောင်စစ်ဗိုလ်ချုပ်ဝတ်ဆုံကိုဝတ်ဆင်ထားသည်။ကြီးကျယ်မြင့်မြတ်​သောထို Alpha ရဲ့လက်ကိုချိတ်ထားသူက​တော့ ​​​ရေဗာကာနန်း​တော်ရဲ့ အသိအမှတ်ပြုရွှေ​ရောင်ကြယ်ရင်ထိုးကို ရင်ဘတ်မှာတပ်ဆင်ထားပြီး အိမ်​ရှေ့စံဆရာဆိုတဲ့ အဆင့်အတန်းနှင့်ကိုက်ညီသည့်အဖြူ​ရောင် suit ကို​​သေသပ်စွာဝတ်ဆင်ထားသည်။​လိုက်ဖက်လွန်းတဲ့အတွဲက လူတိုင်း​ငေး​မောရသည်အထိ နတ်ဘုရား​တွေဝင်စားသည့်အလား​ တောက်ပလွန်းကြသည်။ တစ်နိုင်ငံလုံးက Alpha ​တွေသာမက အိမ်နီးနားချင်းနိုင်ငံကအိမ်​ရှေ့စံ​ Alpha တွေပါ အသည်းကွဲရတဲ့ဒီ​နေ့ဟာ Omega Min Yoongi အတွက်​တော့ ​ပျော်ဖို့အ​ကောင်းဆုံးအချိန်ဖြစ်ခဲ့သည်။ King Park ကိုယ်တိုင်ချီးမြှင့်တဲ့ အဖိုးတန်စိန်လက်စွပ်နှစ်ကွင်းက မင်္ဂလာ​မောင်နှံရဲ့လက်မှာ​နေရာယူသည်။​ရေဗာကာပြည်သူပြည်သား​တွေပါ ထိုမင်္ဂလာပွဲကိုချီးမြှင့်နိုင်ရန် ရုပ်သံလိုင်းအစုံက​နေ ထုတ်လွှင့်​ပေးသည်။အိမ်နီးချင်းနိုင်ငံ​တွေကပါ ဂုဏ်ပြုလွှာ​တွေ​ပေးပို့ရသည်အထိ ဤမင်္ဂလာပွဲဟာ ထိုမျှကြီးကျယ်ခမ်းနားခဲ့သည်။

ApocalypseWhere stories live. Discover now