အေဒီ၁၅ရာစု၏ဆောင်ကြာမြိုင်တစ်ခု၌
"အဟိ ဒီကလူကြီးမင်းကအရမ်းခန့်တာပဲ"
"လူကြီးမင်းကျွန်မတို့နဲ့ပျော်ရအောင်"
သို့လောသို့လောပြည့်တန်ဆာမလေးေတွရဲ့ကြာပစ်သံကိုကြားနေရသည်။
ဆောင်ကြာမြိုင်၏အပေါ်ထပ်ခန်းတစ်နေရာတွင်ဆောင်ကြာမြိုင်၏အကြီးအကဲဖြစ်သူ
လျိုချင်းဟာကောင်လေးတစ်ယောက်အား
စူးစိုက်ကြည့်ပြီးအကဲခတ်နေသည်။ကောင်လေးကအသက်၂၀ကျော်လောက်သာရှိအုံးမည်
ထင်သည်။ထိုကောင်လေးရဲ့အဒေါ်ဖြစ်သူက"ဘယ်လိုလဲ ရှင်ကြိုက်ရဲ့လား လျိုချင်း"
"အင်း ကြိုက်ပါတယ် ဒါပေမယ့်ကျွန်မတို့ဆောင်ကြာမြိုင်က မိန်းကလေးတွေပဲခေါ်တာပါ ယောကျာ်းလေးတစ်ယောက်ကိုလက်မခံနိုင်ပါဘူး"
"ဟင်"
"ဧည့်သည်ကိုပြန်ပို့လိုက်တော့"
လျိုချင်းသူ့ဘေးနားကကောင်မလေးကိုအမိန့်
ပေးပြီးထဖို့လုပ်တော့ရှောင်ကျန့်ရဲ့ဒေါ်လေးဖြစ်သူရှောင်ချင်းဟန်ကလျိုခင်းလက်ကိုလှမ်းဆွဲပြီးပြောသည်။"သူကကောတစ်ယောက်ပါ လျိုချင်း သားအိမ်ပါတယ်"
လျိုချင်းတွေဝေသွားပြီးဖြူနုနေတဲ့ကောင်လေး
ကိုကြည့်လိုက်သည်။ထိုကောင်လေးကသူနဲ့
အကြည့်ဆုံသွားလို့မျက်လွှာလေးကိုအသာပြန်ချကာခေါင်းငိုက်ထားလေရဲ့။"ကောင်လေး ခေါင်းမော့"
လျိုချင်းပြောသော်လည်းကောင်လေးကခေါင်းမမော့လာတဲ့အပြင်ပိုပြီးတောင်ခေါင်းငုံ့သွားလေရဲ့။သဘောကမသိချင်ယောင်ဆောင်သည်ပေါ့။
လျိုချင်းခပ်ဟဟရယ်လိုက်ပြီးသူ့လက်ကယပ်တောင်ကိုဖြန့်ကာခပ်ဖြည်းြဖည်းလျှောက်သွားပြီးထိုကောင်လေးနားသွားသည်။နောက်တော့ယပ်တောင်ကိုပြန်သိမ်းကာထိုယပ်တောင်နဲ့ကောင်လေး၏မျက်နှာအားမော့စေသည်။ပြီးတော့"အင်း ရုပ်ရည်လေးတော့ရှိသား"
"ဘယ်လိုလဲ ရှင်ဝယ်မယ်မဟုတ်လားလျိုချင်း"
ဒေါ်လေးဖြစ်သူရဲ့စကားကြောင့်ရှောင်ကျန့်သူ့ဒ်ေလေးကိုကြည့်ကာ
"ဒေါ်လေးကျွန်တော့်ဒီမှာထားခဲ့မလို့လားဟင်"
"ပါးစပ်ပိတ်ထား!"
"ဟင့် "
ရှောင်ကျန့်ပါးစပ်လေးကိုလက်နဲ့အုပ်ကာအသံတိတ်ငိုမိသည်။ ဟိုး....တောရွာလေးကနေနာမကျန်းဖြစ်နေတဲ့အမေနဲ့ညီမလေးကိုစောင့်ရှောက်ဖို့သူဒီနန်းမြို့တော်ကြီးကိုတက်ကာအလုပ်လုပ်ဖို့လာခဲ့သည်။တစ်ဝမ်းကွဲဖြစ်တဲ့အဒေါ်ဖြစ်သူလည်းရှိတာကြောင့်သူ့ကိုယ်သူအဆင်ပြေမည်ထင်ခဲ့သည်။သို့သော်.......
"ကောင်လေးကိုငါဝယ်မယ် ရှောင်ချင်း ဘယ်လောက်လဲ"
"ငွေစ၅၀၀"
လျိုခင်းအံ့ဩသွားသည်။ဒီကောင်လေးကငွေစ၅၀၀တောင်လား?။
"များတယ်မထင်နဲ့ လျိုချင်း ဒီကောင်လေးကနင့်ကိုပိုက်ဆံအများကြီးရှာပေးနိုင်တယ်နော် င်ပြောတာနင်နားလည်တယ်မဟုတ်လား"
နောက်ဆုံးတော့လျိုချင်းလည်းလက်ခံလိုက်သည်။ရှောင်ချင်းဟန်ငွေယူပြီးပြန်သွားတော့
"ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ!"
"ဟင့် ရွှတ် ရှောင်ကျန့် ရှောင်းရှောင်ကျန့်ပါ"
"ဒီနေ့ကစပြီးမင်းကငါ့တပည့်ဖြစ်သွားပြီ"
လျိုချင်းဒီကောင်လေးကိုသူ့တပည့်အဖြစ်သာထားလိုက်သည်။ဆောင်ကြာမြိုင်မှာလျိုချင်းရဲ့တပည့်တောင်ဟာအယောက်၂၀ပကျာ်လောက်သာရှိသည်။အဲ့ဒီအယောက်၂၀ကျော်ဟာဒီကိုလာတဲ့ဧည့်သည်တွေကိုကပြဖျော်ဖြေပေးရုံလောက်သာ။တစ်ခြားသူတွေလို့အိပ်ရာပေါ်၌ပြုစုစရာမလိုပေ။ရှောင်ကျန့်လျိုချင်းကိုမေးလိုက်သည်။
"ကျွန်တော်ကဘာလုပ်ရမှာလဲဟင်"
"မင်းကဒီကိုလာတဲ့ဧည့်သည်တွေကိုကပြရမယ်"
"ဒါပေမယ့်ကျွန်တော်မှမကတတ်တာ"
"ငါသင်ပေးမှာပေါ့"
"ကျွန်တော်ပိုက်ဆံရမှာလား"
"ဒါပေါ့"
"ကောင်းပါပြီ"
"ကဲ ဒီနေ့တော့နားလိုက်တော့"
"ဟုတ်ကဲ့"
"မိန့်မိန့် သူ့ကိုအခန်းပြင်ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်မ"

YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanficဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့