Unicode
ဤဝတ္ထုမျိုး ရေးချင်တာ သိပ်မကြာသေးခင်ကမှ စိတ်ကူးပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုဝတ္ထုအမျိုးအစားကို ရေးနိုင်ပါ့မလားလို့လည်း စမရေးခင်ကလည်း တွေးမိပါတယ်။ ရေးနေရင်းနဲ့လည်း တွေးနေမိပါတယ်။ အဆုံးရော သတ်နိုင်ပါ့မလားပေါ့။
ဒါပေမယ့် စရေးမယ်လည်းလုပ်ရော စကားလုံးတွေက အများကြီး ထွက်ကျလာပါတယ်။ တကယ်ကို စိတ်နှစ်မိသွားတယ်ထင်တယ်။
နောက်ပြီး စာဖတ်သူများကို စာရေးသူအနေနဲ့ ပြောကြားလိုတာကတော့ တစ်ပိုင်းကို စာလုံးရေ ၅ထောင်အထက်မှာ ရှိတဲ့အကြောင်းပါ။ အချို့အပိုင်းတွေဆို ၁သောင်းကျော်ပါတယ်။ ထိုသို့ရေးရသည့်ရည်ရွယ်ချက်ကလည်း အပိုင်းကို တိုစေချင်လို့ပါ။ အပိုင်းစုစုပေါင်း ၂၀အထိပဲ လျာထားပါတယ်။ ၂၀မပြည့်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ့်ကိုကိုယ်တော့ ဒီဝတ္ထုလေးကို ကြိုက်မိပါတယ်။ ကိုယ်ရေးထားတဲ့ ဝတ္ထုဖြစ်လို့လားတော့လည်း မတွေးတတ်ပါဘူး။
ဤဝတ္ထုသည် အချစ်၊ ရိုမန့်စ်အပြင် ဝမ်းနည်းစရာလေးတွေ၊ နာကျင်စရာလေးတွေပါ ပါဝင်ပါတယ်။ အဲ့ဒီအချစ်ဟာ ဖြစ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေကိုလည်း ထည့်သွင်းရေးဖွဲ့ထားပါတယ်။
ဘဝကို ကြိုးစားရုန်းကန်လာခဲ့ပြီးမှ အောင်မြင်ကျော်ကြားလာတဲ့ စာရေးဆရာတစ်ယောက်နဲ့ မွေးကတည်းက ချမ်းသာမှုကို ခံစားပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။
အထောက်အပံ့ပေးကြတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ပါသေးသည်။
ကျွန်တော့်ကို ယုံကြည်ပြီး အဆုံးထိ လိုက်ခဲ့ပေးဖို့လည်း တောင်းဆိုပါရစေ။ ကျွန်တော့်ဝတ္ထုလေးတွေကို မျှော်ပေးကြတဲ့သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
နောက် ဤဝတ္ထုထဲမှ ဇာတ်ကောင်၊ နေရာ၊ အဆောက်အဦးမှန်သမျှသည် ပြင်ပတွင် တကယ် မရှိပါ။ စိတ်ကူးကို ကွန့်ပြီး ရေးဖွဲ့ထားသော ဇာတ်ကောင်များ၊ နေရာများ၊ အဆောက်အဦးများသာ ဖြစ်ပါသည်။
(၄)ရက်ခြားပြီးတင်ပေးပါ့မယ်။ အဆုံးထိ တင်ပေးသွားမှာပါ။
ဆူးနှင်းဆီ
၂.၂.၂၀၂၄Zawgyi
နောက် ဤဝတ္ထုထဲမှ ဇာတ်ကောင်၊ နေရာ၊ အဆောက်အဦးမှန်သမျှသည် ပြင်ပတွင် တကယ် မရွိပါ။ စိတ္ကူးကို ကွန့်ပြီး ရေးဖွဲ့ထားသော ဇာတ်ကောင်များ၊ နေရာများ၊ အဆောက်အဦးများသာ ဖြစ်ပါသည်။
ဆူးနှင်းဆီ
၂.၂.၂၀၂၄
YOU ARE READING
ကြွေ (Complete)
General Fictionတိုက်ပေါ်က ခုန်ချသတ်သေသွားတဲ့ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ကိုမာဝင်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အဲ့ဒီကောင်လေးရဲ့ အချစ်ရေးကတော့ အဓိကပေါ့ ဘာကြောင့် သတ်သေရလောက်တဲ့အထိ ဖြစ်သွားရတာများလဲ နောက်တစ်ယောက်ကတော့ ရည်းစားတွေ...