4.5K 145 2
                                    

တောက်။ တောက်။ တောက်။

တရားသူကြီးမှ အမိန့်ချမှတ်သံအပြီးမှာတော့ တစ်ဖတ်ကအမှုပြိုင်ထံမှ တောက်ခေါက်သံခပ်ကျယ်ကျယ်ကြားလိုက်ရပေမဲ့ သူကတော့မဲ့ပြုံးတစ်ချက်သာဖြစ်ထွန်းခဲ့လေသည်။ သူနှင့်မဆိုင်သည့်တရားခွင်ဆိုပေသိ အနည်းအကျဥ်းတော့ပတ်သက်နေ၍အနောက်နား၌သာတရားခွင်ကိုကြားနာနေခဲ့သည်လေ။ တရားခွင်ပြီး​သည် နှင့်ထိုနေရာမှနေ မာန်ပါပါဖြင့် ဒေါက်ဖိနပ်သံခပ်ကျယ်ကျယ်က လိုက်ပါနေခဲ့သည်။

မတော်လို့ထိုနေရာ၌ခပ်ကျယ်ကျယ်အော်ရယ်မိလျှင် သူ့အားတမျိုးတမည်ထင်၍ ကားပါကင်မှာရပ်ထားသည့်ကားအတွင်းထဲသို့ဝင်ထိုင်ပြီးမှသာ သဘောကျစွာအော်ရယ်မိလေသည်။

"အဟင်း မုဒြာမြိုင် ကိုမှလာပြိုင်ချင်နေသေးတာကို"

မေးငေါ့ပြလိုက်တော့ ကားလေးဟာထိုတရားရုံးကိုကျောခိုင်းက ဘီးလေးတစ်လိမ့်လိမ့်ဖြင့်လိမ့်ကာထွက်သွားလေသည်။ နောက်ဆုံးပေါ် BMW ကားအနတ်ရောင်ကားလေးဟာ ရန်ကုန်မြို့လမ်းမထက်ပေါ်မှာကြွကြွလေးမောင်းနင်နေလေသည်။

"မမ ဒီနေ့ညနေ ဦးကျော်စွာနဲ့ချိန်းဆိုထားတဲ့ကိစ္စလေးရှိနေသေးတယ် မမ အကယ်၍ မမ အဆင်မပြေရင် နှင်း ဖျတ်ထားလိုက်ပါ့မယ်"

"ရတယ် နှင်း တို့အဆင်ပြေတယ် ချိန်းထားလိုက်ပါ ဒီလူကြီးကသိပ်ယုံရတဲ့သူမဟုတ်တော့ သူ့ကိုအကဲခတ်ဖို့တို့ကိုယ်တိုင်တွေ့ရလိမ့်မယ် နှင်း သူ့ကိုသာ သေချာစောင့်ကြည့်ထားပါ နောက်ပြီးအချက်အလက်တွေသေချာရှာထားပါ ပိုက်ဆံဘယ်လောက်သုံးရသုံးရပါစေ"

ပိုက်ဆံ။ သူ့အတွက်အပေါဆုံးက ပိုက်ဆံဖြစ်သည်။ ငယ်စဥ်ကထဲကရွှေပေါ်မြတင်မွှေးလာခဲ့တဲ့သူ။ စီးပွားရေးလောကမှာ မြိုင် အင်ပါယာဆိုတာ လက်ညိုးထိုးမလွဲသည့်အခြေအနေ။ ထို့ကြောင့်သူ့အတွက်ငွေဆိုတာ ပါမွှားသာသာ။

"အော်ဒါနဲ့ ဒီနေ့ တို့ရှေ့နေတွေကို တစ်ခုခုလုပ်ပေးလိုက်ပါ သူတို့ဒီနေ့တို့အတွက်ရယ်ဖို့လုပ်ပေးနိုင်လိုက်တယ်လေ တို့ကျေနပ်လို့ပေးတယ်လို့ပြောလိုက်ပါ"

မူပိုင်ခွင့်ပုဒ်မWhere stories live. Discover now