တစ်ပတ်မှာငါးရက်လောက်က ရင်ဖုံးအဖြူချိတ်ထဘီလေးနှင့်။ ပိတ်ရက်များတိုလျှင်တော့ သူဟာ သူ့နာမည်နောက်ကဂုဏ်ပကာသနများအားဖယ်ချထားကာ သာမာန်လူတစ်ယောက် စိမ့်စမ်းရည် အဖြစ်သာ။ သူတို့နေထိုင်ရာအိအ်လေးက တစ်ထပ်တိုက်လုံးချင်းအိမ်လေးဆိုပေမဲ့ သူ့ဘေးနားမှာ မိဘနှစ်ပါးလုံးရှိနေ၍သူ့ဘဝကပြည့်စုံနေသည်ပြောရမည်။ သူဆယ်တန်းအောင်ပြီးတော့ မိဘဆီကလက်ဖြန့်မတောင်းတော့ပဲ ဂိုက်ပြန်သင်ပေးရင်းကျောင်းစရိတပြန်ရှာခဲ့သည်။ နောက်ဆုံးနှစ်အထိသူဟာ စာမေးပွဲရက်တွင်းမှလွဲ၍တစ်ခြားသောနေ့များ၌ ကလေးများကိုဂိုက်ပြန်ပြပေးလေသည်။ ကျောင်းမှာကထဲကသူဟာ စာတော်သည့်ခလေးများထဲကတစ်ယောက်ဆိုတော့ သူ့အတွက်စာပြန်ပြပေးရသည့်အလုပ်ကသိပ်မခတ်ခဲချေ။ ဆယ်တန်းဖြေပြီးလို့အောင်စာရင်းကိုယ့်နာမည်နောက်မှာ ဂုဏ်ထူးဂုရ်ပုဒ်လေးများပါလာလျှင် ပတ်ဝန်းကျင်မှမိဘများကသူတိ့သားသမီးများကို ထိုကဲ့သို့တော်စေတက်စေချင်ကျသည်လေ။ ဒါကပဲသူ့အတွက်အခွင့်အရေးတစ်ခုဖြစ်စေခဲ့ရသည်လေ။
ဖေဖေကတော့ သူအလုပ်စဝင်ကထဲက ရှေ့နေအကြံပေးအဖြင့်သာလုပ်ကိုင်နေပြီးတရားခွင်တော့မထိုင်ဖြစ်တော့ချေ။ မေမေကတော့ ကျောင်းအုပ်ဆရာမဖြစ်သည့်အလျောက် ပင်စင်မယူခင်အထိသူဝါသနာပါသည့် အဖြူအစိမ်းဝတ်အလုပ်ကိုမြတ်နိုးစွာလုပ်ကိုင်နေအုန်းမည်ဖြစ်ပေသည်။
သူ့အတွက်ရှားရှားပါးပါးတစ်ပတ်တာအတွင်းပိတ်ရက်ကလေးများရလျှင် မနတ်ပိုင်း ဘုရားပန်းအိုးလဲသည်မှစ၍ အိမ်သန့်ရှင်းရေးအဆုံးသူသာလျှင်လုပ်ကိုင်လေ့ရှိသည်။ ကြားရက်များ၌တော့ ဖေဖေနှင့်အလှည့်ကျလုပ်လေသည်။ မေမေက ငယ်စဥ်ကထဲက သူ့အားထမင်းဟင်းချက်သည်မှအစသင်ပေးထား၍သူဟာ ဆယ်တန်းပြီးကထဲက တအိမ်လုံးမှာသူ့ခြေသူ့လက်ဖြစ်နေပြီဖြစ်သည်။ မေမေက ကိုးတန်းဆယ်တန်းများကဆိုလျှင် သူ့အားလက်ကိုရေမဆိုစေပဲစာကိုသာလျှင်တစိုက်မတ်မတ်လုပ်စေခဲ့သည်။ ထိုအတွက်ကြောင့် သူဆယ်တန်းဖြေပြီးသည်နောက်တွင်တော့ မေမေ့ကိုအိမ်အလုပ်ကိုတော်ယုံသိပ်မလုပ်စေတော့ပါ။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။