ပြင်ဦးလွင်၌ အလုပ်ကိစ္စပြီးစီးသည့် နောက်ပြန်ဖို့ပြင်တော့အချိန်အခါမဟုတ်သည့်မိုးကအတိုးချရွာနေသလို။ စမ်းရည်သက်ပြင်းသဲ့သဲ့လေးချမိသည်။ သက်ပြင်းသဲ့သဲ့လေးဆိုပေသိ ဟိုတယ်အခန်းထဲ၌တွင်တော့ စမ်းရည်၏သက်ပြင်းချသံကတစ်စတစ်စကျယ်လောင်နေရသည်လေ။ ဟုတ်တယ် စမ်းရည်တစ်ယောက် မိုးကိုမုန်းပါသည်။ မိုးတွင်းဆိုလျှင်စမ်းရည်အပြင်သိပ်မထွက်ဖြစ်ပါ။ အလုပ်ကိစ္စများကြောင့်သာအပြင်ထွက်ရတာ တကယ်ဆိုအခန်းထဲ၌သာတနေကုန်နေချင်မိသည်။
ဒါပေမဲ့ မိုးတွင်းကိုမုန်းချင်းဖြစ်ပါသည်။ စိုစွတ်စွတ်အနေအထားနှင့် စိုထိုင်းထိုင်းအခြေအနေကိုသူမုန်းချင်းဖြစ်သည်။ မိုးရေထဲလမ်းလျောက်လျှင် ထဘီအနားစများစိုသည်ကိုသူမကြိုက်။ ထိုအခါဆိုမဖျားလျှင်တောင် နှာစေးချောင်းဆိုးဖြစ်ရသည်လေ။ ထိုအခါဆေးသောက်ရသည့်အတွက် မိုးတွင်းကိုသူမကြိုက်ပါချေ။
ဒါပေမဲ့လဲအဝေးပြေးကားနှင့်ပြန်ဖို့လက်မှတ်ဖြတ်ပြီးနေပြီဖြစ်သည်လေ။ ဦးဇွဲမင်းခေါင်စီစဥ်ပေးသည့်ဟိုတယ်မှာနေရတာတင်သူအတော်လေး တာဝန်ကြီးနေမိသည်။ သူဟာအခုလိုမျိုးအခွင့်အရေးယူရတာမျိုးကိုမကြိုက်သည့်လူတစ်ယောက်လေ။ အသွားအပြန်မှာတောင်သူ့အတွက်ကာတစ်စီးအကြိုအပို့စီစဥ်ပေးမည်ပြောခဲ့တာကိုသူငြင်းခဲ့ရတာ။ ဟိုတယ်စီစဥ်ပေးတာကိုလက်ခံရသည်တောင်လွန်နေခဲ့ပြီ။
Luggage ပြင်ဆင်ပြီးသည့်နောက်တွင်တော့ lobby ကိုထွက်လာပြီး check out လုပ်လိုက်ပါသည်။ ထို့နောက် သူ့အားအဝေးပြေးကားဝင်းထိလိုက်ပို့ပေးမည့်ကားအား lobby ၌ဖုန်းသုံးရင်းစောင့်နေခဲ့မိသည်။ ဖုန်းအားငုံ့ကြည့်နေရင်းသူ့မြင်ကွင်းထဲပေါ်လာသည်ကား ခြေဖမိုးဖွေးဖွေးလေးတစ်ခု။ တစ်လက်မခွဲခန့်ရှိမည်ထင်ရသည့်ဒေါက်မြင့်ဖိနပ်စီးထားသည့်ခြေချောင်းသွယ်သွယ်လေးခြေသည်းမှာအနီရောင်ဆိုးထားသည်က ထိုခြေဖမိုးဖြူဖွေးဖွေးပိုင်ရှင်နှင့်ပို၍ပနံသင့်နေသည်လား။
ထိုအတွေးများအားဖြောက်ဖျတ်ပြီးနောက်ထိုမြင်ကွင်းပိုင်ရှင်အားထျတ်ခနဲမော့ကြည့်လိုက်တော့ သူ့အားပြုံးကာငေးကြည့်နေသည့် မုဒြာမြိုင်ကိုတွေ့လိုက်ရသည်။ ထိုအချိန်မှာသူ့ရင်ထဲသိမ့်ခနဲ။ သိတယ်မဟုတ်လား အမြင့်တစ်နေရာမှနေပြုတ်ကျသည့်အခါဖြစ်ရသည့်ခံစားချက်လေ။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Любовные романыတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။