ပုဂံကိုသွားဖို့ရည်ရွယ်ချက်မရှိခဲ့ပေမဲ့ ပုဂံမှာရှိသည့်ဟိုတယ်တစ်ခုမှာ ကိုဥက္ကာစိုင်းတို့ကုမ္ပဏီနှင့်ပေါင်းကာ ပရောဂျက်တစ်ခုလုပ်ရန်အလို့ငှာ မန္တလေးသို့တက်လာခဲ့ရသည်။ ဒီရောက်မှ ပုဂံမြေမှာ မုဒြာတို့လုပ်ငန်းစုလက်အောက်မှနေ၍ ဟိုတယ်တည်ဆောင်ခြင်း နှစ်၃၀ပြည့်ကိုလုပ်ဖြစ်သည့်အချိန်နှင့်တိုက်ဆိုင်သွားခဲ့ရသည်။ပုဂံမြေမှာ မုဒြာတို့လုပ်ငန်းစုလက်အောက်မှနေ၍ ဟိုတယ်တည်ဆောင်ခြင်း နှစ်၃၀ပြည့်ကိုလုပ်ဖြစ်သည့်အချိန်နှင့်တိုက်ဆိုင်သွားခဲ့ရသည်။
သူမဖခင်လက်ထပ်ကထဲကလုပ်ကိုင်ခဲ့သည့်လုပ်ငန်းများဆိုပေမဲ့ ဖခင်ဖြစ်သူရဲ့နေရာကိုစတင်ဆက်ခံပြီးနောက်ပိုင်းတိုးချဲ့လုပ်ကိုင်ခဲ့သောလုပ်ငန်းများကနည်းမှမနည်းခဲ့သည်လေ။ ဒီပုဂံလိုခရီးသွားများသည့်နေရာတင်သာမက တစ်ခြားခရီးသွားလာမှုမျာသောနေရာများ၌ သူတို့မိသားစုလုပ်ငန်းပိုင်စီးပွားရေးမှာအမြောက်အများဖြစ်ပေသည်။
ဒီကိုရောက်ရောက်ချင်း ဥက္ကာစိုင်းတို့၏အလုပ်ခွင်ဆိုက်ထဲလိုက်ကြည့်ပြီးနောက် အခန်းပြန်ရောက်၍အခန်းထဲအနားယူနေခဲ့လေသည်။ သူ့အခန်းကနေကြည့်လျှင် ပုဂံစေတီပုထိုးများကို ဝေဝေဝါးဝါးမျက်စိတစ်ဆုံးမြင်တွေ့နိုင်လေသည်လေ။ ပြောရမယ်ဆိုလျှင် သူတို့လုပ်ငန်းစုပိုင်သည့် ဤဟိုတယ်ကပုဂံနယ်မှာ စျေးအကြီးဆုံးနှင့်ဝန်ဆောင်မှုအကောင်းဆုံးပေးသည့်နေရာဖြစ်သည်။ ပေးရသည့်အဖိုးအခနှင့်တန်အောင်လဲ ဝန်ထမ်းများကိုသေချာမှာကြားထားသည်လေ။ ဝိုင်လေးသောက်ရင်း ပတ်ဝန်းကျင်ကိုမျက်စိတစ်ဆုံးကြည့်ရင်း ရေကူးကန်သို့အကြည့်အရောက်၌ မြင်ဖူးနေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရပေသည်။ ဟုတ်ပါ့ဟုတ်ပါလိမ့်မလားဟုတွေ့းလိုက်ပေမဲ့ တကယ်တမ်း ထိုခလေးမဖြစ်နေခဲ့ရသည်လေ။ အမြဲလိုလိုတွေ့နေတာက ယူနီဖောင်းနဲ့မဟုတ်လျှင် ဝမ်းဆက်အဝတ်အစားများသာ။ အခုမှုတွေ့လိုက်ရသည်က ထိုခလေးမ၏အပိုအလိုမရှိသည့်ကိုယ်ခန္ဓာအချိုးအစာ။ သူ့တစ်ကိုယ်လုံးရှိန်းခနဲဖြစ်သွားရသည်။ ဝိုင်ခွက်ကိုင်ထားသည့်လက်ပင်တင်းခနဲ။ ချက်ချင်းပင် ထိုခလေးမ၏ပေါ်နေသည့်နေရာများကိုတဘက်ဖြင့်သွာအုပ်မိုးပေးလိုက်ချင်သည်။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။