ဒိုင်း။ ဒိုင်း။ ဒိုင်း။
နားအပိတ်ဖြင့်ပိတ်ထားပေမဲ့လို့ သေနတ်ပစ်သံအားကြားနေရသေးသည်။ မြောက်ဒဂုံသေနတ်ပစ်ကွင်း၌ ပုံမှန်မဟုတ်တောင် တစ်လတစ်ခါလောက်တော့ မုဒြာမြိုင်ဟာလေ့ကျင့်လေ့ရှိသည်။ ပုံမှန်ဆိုရင်လူအများမသိသေးသည့်နေရာ၌လဲလေ့ကျင့်လေ့ရှိပေမဲ့ ဒီလိုလူမြင်ကွင်းရှေ့မှာကိုထင်ထင်ပေါ်ပေါ်လုပ်ပြရသည်ကိုပိုသဘောကျသည်လေ။ ဒါကြောင့်ပင် တစ်လတစ်ကြိမ်တော့ဒီကိုလာ၍လက်ရည်စမ်းလေ့ရှိသေးသည်။
"အခုထိလက်ရည်မကျသေးဘူးပဲ ငါ့တပည့်က"
"အဲ့လိုလဲမဟုတ်ပါဘူး"
ဦးတေဇာကျော်ဆိုသူသည် စစ်ဘက်ထောင်လှန်ရေးဘက်ကအငြိမ်းစားဖြစ်ပြီး မုဒြာမြိုင်အဖေနှင့်မကင်းရာမကင်းကြောင်းဆရာတပည့်လဲဖြစ်သည်လေ။ မုဒြာကိုသေနတ်ပစ်လေ့ကျင့်ပေးသည်မှာလဲ သူပဲဖြစ်လေသည်။ ယခု၌မူတော့ ဦးတေဇာကျော်ဟာ ဤလေ့ကျင့်ကွင်း၌သင်ကြားရေးမူးတာဝန်ယူထားလေသည်။
မုဒြာလေ့ကျင့်ပြီးနောက်တွင်တော့ သူမကားလေးကား စမ်းရည်၏အလုပ်ခွင်နေရာသို့စိုက်စိုက်မြိုက်မြိုက်မောင်းနင်စေခဲ့သည်။ ထို့နောက် စမ်းရည်တရားခွင်ပြီးမည့်အချိန်ကိုစောင့်နေခဲ့လေသည်။ အချိန်အနည်းငယ်ကြာပြီးသည်နောက်တွင်တော့ ဘယ်ဘက်လောက်မှာ ဂျူတီကုပ်လေးအားချိတ်ထားပြီး ဘေးကသူ့တပည့်ဖြစ်သည့်ကောင်လေးနှင့်စကားပြောကာ တရားရုံးမှထွက်လာလေသည်။
"ဟင် မမ ဟိုမှာ ဒေါ်မုဒြာမြိုင်ကြီး"
ဘယ်နဲ့ မုဒြာကို ဒေါ်တက်ကြီးပြီး အနောက်မှနေ ကြီး ဆိုသည်ကထည့်ခေါ်လိုက်သေးသည်ကို မုဒြာမြိုင် တစ်ယောက်ကြားလျှင်ထိုနေရာ၌ပင်သွေးတက်သွားမှာသေချာပါလိမ့်မည်။ ဝေလင်း လိုပင် စမ်းရည်သည်လဲအံသြသွားရသည်လေ။
"မင်္ဂလာပါ ခလေးမ အလုပ်ပြီးသွားပြီလား တစ်ခုခုသွားစားရအောင်လေ တို့ဗိုက်ဆာလို့"
"ရှင့်ဘာသာဗိုက်ဆာတာကျွန်မအပူပါလားရှင် ကိုယ့်ဝမ်းနဲ့ကိုယ်ပဲ ဝမ်းချင်းဆုံတာကျလို့ရှင် နေပါအုန်းရှင်ကဒီမှာဘာလုပ်နေတာလဲ"
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။