မန္တလာမြေသို့ရောက်လျှင် မုဒြာစိတ်ချမ်းမြေ့ရသည်။ ကြည့်ရတာ အတိတ်ဘဝမှာ မုဒြာဟာဒီမြေဒီရေသောက်ကာကြီးပြင်းလာရသည်ထင်ပါရဲ့။ ဘုရားကုန်းပေါ်မှနေ ဧရာဝတီမြစ်ရေပြင်ကိုငေးကြည့်ရသည့်အရသာဟာဘာနဲ့မှလဲမရ။ မုဒြာအခုလိုနေနေရသည့်အခြေအနေကိုပျော်လားမေးရင် မပျော်ဘူးလို့လဲမဖြေချင်။ ဒါဟာသူ့အတွက်လမ်းကြောင်းဖြစ်နေ၍ဖြေရှင်းချက်မထုတ်ချင်။ တစ်ခါတစ်ရံတော့ ဒါတွေဘာလို့လုပ်မိနေတာလဲ သူကောသာမာန်လူတစ်ယောက်အဖြစ်နဲ့ မုဒြာမြိုင်ဆိုတဲ့နာမည်နောက်မှာပါလာမဲ့ ဂုဏ်ပုဒ်တွေ အကြောင်းတရားတွေအများကြီးမရှိပါပဲ သာမာန်လူတစ်ယောက်အဖြစ်နှင့်နေချင်မိတဲ့နေ့များရှိခဲ့ဖူးသည်။
သူ့ဘဝက ငယ်စဥ်ကထဲက ပလန်ချထားပြီးသားစက်ရုပ်တစ်ရုပ်လိုနေနေရတဲ့ဘဝကိုပျော်နေလားမေးရင်တော့သေချာပေါက်မပျော်ရွင်ခဲ့ရပါဘူးလို့ဖြေမိမည်။
မြန်မာဝတ်စုံကို ကိုယ်ခန္ဓာကောက်ကြောင်းများပေါ်လွင်နေတာဆိုတော့ မည်သူမဆို မုဒြာမြိုင်ကိုသမင်လည်ပြန်ငေးကြည့်ကျတာတော့အသေအချာပါပဲ။ ထိုနည်းတူ စမ်းရည် သည်လဲ မုဒြာမြိုင်၏အလှကို ငေးကြည့်နေမိသည်။ မုဒြာမြိုင်ကိုယ်တိုင်ကတော့ နေဝင်ရီသရော ဧရာဝတီမြစ်ရေပြင်အလှကိုသာငေးကာအတွေးနယ်ချဲ့နေပုံရသည်။
"လှလိုက်တာ"
လွတ်ခနဲပါးစပ်ကနေယောင်ကာထွက်သွားမိ၍ စမ်းရည့်ကိုယ့်ပါးစပ်ကိုမနည်းပြန်ပိတ်လိုက်ရသည်။ ထိုအမျိုးသမီးကောကြားသွားမလားဆိုသည့်စိတ်နှင့်တော့ သာသနာ့နယ်မြေမှာစမ်းရည်ဟာစိတ်မလှုံခြုံနေ။
"တစ်ခုခုများပြောလိုက်သလားခလေးမ"
"ဘာမှမဟုတ်ပါဘူး ညနေ နေဝင်ဆည်းဆာကလှလိုက်တာလို့ပြောတာ ရှင်ဘာတွေတွေးနေတာလဲ"
"ဒီလိုပါပဲ ဟိုဟိုဒီဒီအကြောင်းတွေပေါ့ နောက်ပြီး ခလေးမကိုချစ်တဲ့အကြောင်းတွေကောပေါ့"
"အို ဘုရားမြေမှာရှင်မရှက်ဘူးလား ဘာစကားတွေပြောနေတာလဲ ဘုရားလဲဖူးပြီးပြီမဟုတ်လား ပြန်ရအောင်လေ မိုးမလင်းခင်ကထဲကကားစီးရတာပင်ပန်းနေပြီ နားချင်နေပြီ"
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Любовные романыတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။