အခန်းထဲကရမ္မာတ်ဆန်ဆန်အသံများက နေ့ခင်းကြောင်တောင်ကြီးမှာဖြင့် အတော်လေးနှာခေါင်းရှုံ့စရာ။ သို့သော်လဲ ဒီဟိုတယ်က မုဒြာမြိုင်ပိုင်တဲ့ပိုင်ဆိုင်မှုထဲကတစ်ခုလေ။ ဘယ်သူ့ကိုဂရုစိုက်ရမည်လဲ။ မြိုင်လုပ်ငန်းစုအောက်မှာပေမဲ့ တခြားသူတွေအမြင်မှာတော့ ဒီဟိုတယ်က မြိုင်လုပ်ငန်းစုနှင့်မဆိုင်ဘူးထင်ရပေမဲ့ တကယ်တမ်း မုဒြာမြိုင်ဘက်က ပါးပါးနပ်နပ်ဖြင့်တဖတ်လှည့်ဝယ်ယူထားသည့်ဟိုတယ်တစ်ခုဆိုလျှင်မမှားပါ။
ကုတင်အောက်ခြေမှာပြန့်ကျဲနေသည့်အဝတ်အစားများက ဖရိုဖရဲ။ ခြုံစောင်များမှာလဲကုတင်အောက်သို့ပြုတ်ကျနေလေသည်။ အကယ်၍တစ်ယောက်ယောက်များဝင်လာလျှင်မျက်စိရှက်စရာမြင်ကွင်းပါပဲ။ အခန်းတွင်းတိုက်ပွဲတစ်ခုပြီးသွားသည့်နောက်တွင်တော့ ငြိမ်ကျသွားသည့်အခြေအနေ။ ထို့ပြင်အသက်ရူသံတစ်ချက်တစ်ချက်။
"အန်တီ"
"အင်း ပြောလေ တို့နားထောင်နေတယ်"
"အန်တီက အသက်၄၀ ကျော်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လားဟင်အသက်များလိမ်ထားတာလား"
"အိုကွယ် မင်းကဘာလို့အဲ့လိုထင်လဲ တို့အကြောင်းမင်းသိနေတာပဲကို"
"သိပေမဲ့လဲအန်တီရာ အန်တီနဲ့သမီးက အသက်အရွယ်ဒီလောက်ကွာနေတာတောင် အန်တီကတစ်ချက်ကလေးမမောဘူးလေ သမီးကသာလက်မြောက်အရှုံးပေးနေရတာအမြဲတမ်း"
"ဒါကတော့ တို့က ကျန်းမာရေးလိုက်စားတာကို အဟင်း ကဲပါထတော့ ရေချိုးတော့မယ် တို့ ရေချိုးခန်းတံခါးလော့မချထားဘူးနော်"
ဒီအမျိုးသမီး၏အပြောကို အနှီကောင်မလေးမှာသဘောကျစွာဖြင့် ချက်ချင်းပင် ကုတင်ပေါ်ငေါက်ခနဲထထိုင်လေတော့ နာကျင်မှုကြောင့်အနည်းငယ်မျက်နှာပျက်သွားရပေမဲ့အပြုံးတစ်ချက်ကလေးမပျက်ပဲရေချိုးခန်းထဲလိုက်သွားလေသည်။
ထိုအခန်းထဲမှထွက်လာတော့လဲ ဘယ်သူကမှ မုဒြာမြိုင်နှင့်ထိုကောင်မလေးကိုစေ့စေ့ကြည့်၍အတင်းမပြောနိုင်ပေမဲ့ စိတ်ထဲတော့ကြိတ်ကာအတင်းပြောနေလောက်မှာပါ။ သူ့ဆံစားတော့လဲခေါင်းငုံနေယုံသာတက်နိုင်သည်လေ။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။