ဝေလင်း၏ 'မမရေ မမအတွက် ပါဆယ် တစ်ခုရောက်နေတယ်' ဟူသောအပြောကြောင့် ဘာများပါလိမ့်ဟူ၍။ သူထင်နေသည်ကား သူမှာထားသည့် ဘာသာပြန်စာအုပ်များဖြစ်နေသည်ထင်၍ပါ။ သို့ပေမဲ့ သာအုပ်မဟုတ်ပါပဲ Honey cake တစ်ခုဖြစ်နေခဲ့သည်။ ဒါဘယ်သူ့လက်ချက်လဲဆိုတာသိနေ၍ စိမ့်စမ်းရည် မျက်နှာမှာနီရဲနေသလို။ ဒေါသထွက်၍ပဲလား ရှက်နေ၍ပဲလား။
အမျိုးသမီးနည်းတူဖွင့်ပြောခံရပြီးကထဲက စမ်းရည် ထိုအမျိုးသမီးနှင့်မတွေ့အောင်ရှောင်နေခဲ့တာလေ။ ထိုအမျိုးသမီး၏စံအိမ်တော်မှနေ ထိုအမျိုးသမီးကိုယ်တိုင်ပြန်လိုက်ပို့ပေးလေသည်။ ထိုအမျိုးသမီးကသူ့နှုတ်ထွက်စကားကတိတစ်လုံးကိုတော့တည်ခဲ့သည်။ ထိုအပြန်နေ့လမ်းတစ်လျောက်လုံး၌ စမ်းရည်ငြိမ်နေသည်ကိုတော့ဘေးလူများသတိထားကောင်းပါရဲ့။ မုဒြာမြိုင်ကိုယ်တိုင်လဲ စမ်းရည်ကိုအရိပ်တကြည့်ကြည့်ဖြစ် နေပေသိ အရင်လိုစကားမပြောကျချေ။ အကယ်၍မုဒြာမြိုင်ဘက်ကစကားပြောရင်တောင် စမ်းရည်မှာခေါင်းငြိမ့်ခေါင်းခါသာလုပ်လေသည်။
စမ်းရည်တစ်ယောက်ထဲ cake ကိုကြည့်ရင်းစိတ်ထဲ၌ယုံသင့်မယုံသင့်ဒွန်တွဲနေရသည်။ သိတယ်မဟုတ်လား မုဒြာမြိုင်လိုလူမျိုးကလှောင်ပိတ်ထိန်းချုပ်လို့ရသည့်လူမျိုးမဟုတ်နေဘူးဆိုတာလေ။ စမ်းရည်ကိုယ်တိုင်လဲ ထိုမီးပုံထဲကိုဇွတ်တိုးမဝင်ချင်ပါ။ အခုလိုအခြေအနေကပို၍ကောင်းမည်ထင်ပါသည်။ စမ်းရည်မကျရှုံးချင်ပါ။ စမ်းရည်ထိုအမျိုးသမီးအားအရှုံးမပေးချင်ပါ။ ဒါပမေဲ့သူအကြိုက်ဆုံး cake လေးဖြစ်နေ၍တော့လွှတ်မပစ်ခဲ့ပဲကုန်အောင်းစားလိုက်ပါသေးသည်။ ဒီလိုအစားအသောက်ဆိုလျှင်ထိပ်ဆုံးမှာဦးထိပ်ပန်ဆင်ထား၍ စမ်းရည်ကျေနပ်မိပါသည်။
"မမ နေ့လည်က cake ကဘယ်သူပို့ပေးတာလဲ ပေးတဲ့သူရဲ့နာမည်ဘာညာလဲမပါဘူး"
"နင်ကဘာလုပ်မလို့လဲ"
"အော် သိချင်လို့လေ မမ ရယ်"
အရင်ချိန်များဆိုလျှင်တော့ စမ်းရည်ကိုယ်တိုင်ဝေလင်းမမေးလျှင်တောင်ပွင့်လင်းစွာနှင့်ထုတ်ပြောမိမည်ဆိုပေသိအခုလက်ရှိအချိန်မှာတော့ စမ်းရည် နှုတ်ပိတ်နေမိသည်။ ဘာလို့များကြောင့် ထိုအမျိုးသမီးနှင့်ပတ်သက်လျှင် စမ်းရည်စိတ်ကထိုသို့ဖြစ်နေရသည်လဲမသိချင်မိတော့ပါ။ အဖြေတစ်ခုရပြီးသည်နောက်တွင်တော့စမ်းရည်ထိုအမျိုးသမီးအကြောင်းအားတပါးသူနှင့်ပြောရမည့်ကိစ္စများကိုသွေဖယ်ခဲ့ပါသည်။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။