ပုဂံကနေ ရန်ကုန်ပြန်ရောက်တော့ ပုံနေသည့် အမှုတွဲဖိုင်အထပ်လိုက်က သူ့အားစောင့်ကြိုနေလေသည်။ ဒါကြောင့်ပင် ပုဂံမှာရိုက်ခဲ့သည့်ဓာက်ပုံများကိုပင်ပြန်မကြည့်အားခဲ့သေးချေ။
တစ်ရက်ထဲမှာပင် တရားခွင် သုံးခုဆက်ထိုင်လိုက်ရ၍အတော်လေးပင်ပြိုင်းနေခဲ့ရသည်။ ကိုယ့်ကိုယုံလိုလာအပ်သည့်အမှုသည်စိတ်မပျက်အောင် ပြန်လည်ချေပရသည့်အခါ သူ့တင်ပြချက်ကို အမှုစစ်မှကန့်ကွက်ရင်းအကြိတ်အနယ်ဖြစ်ရသည်မှာခဏခဏ။ ဒါကြောင့်ပင် အမှုစစ်လောကကြားထဲ သူ့ကိုမယ်ဒေါသအိုး ဟု၍ နာမည်ပြောင်ခေါ်ကျသေးတာလေ။
"ဘယ်လိုလဲ မယ်ဒေါသအိုးလေး ဒီနေ့ အခြေအနေ"
"ပုံမှန်ပါပဲ သားဇော်ရဲ့ နင်လဲနော် အမှုစစ်ဖြစ်ပြီးသွားမှပဲပျောက်ချက်သားကောင်းနေလိုက်တာမှ"
"တကယ်တော့ငါကရှက်တာကိုဟ နင်က ငါဖွင့်ပြောတာကိုငြင်းလိုက်တော့ နှလုံးသားလေးမခံနိုင်တော့ပဲ ရှက်ဖျားဖျားပြီး နင့်ကိုမျက်နှာချင်းဆိုင်ဖို့ရှက်သွားတာ"
"အော် ဒါဆိုအခုကျမရှက်တော့ဘူးပေါ့ဟုတ်လား"
သားဇော် ဆိုတာ ကောင်းမြတ်လိုပင်သူ့အားချစ်ရေးဆိုထားသည့်လူတစ်ယောက်။ ကောင်းမြတ်တို့လိုကျောင်းကထဲကခင်မင်ရင်းနှီးခဒ့တာမဟုတ်ပါပဲ လုပ်ငန်းခွင်ဝင်သည့်အခါမှသာ ခင်မင်ရင်းနှီးခဲ့သူဖြစ်သည်။ နောက် သားဇော်၏ဖခင်က အစိုးရဝင်ထမ်းအကြီးပိုင်းကဆိုတော့ သားဇော်မှာ အမှုစစ်ဖြစ်ရန်အလားအလာပိုရှိနေသည်လေ။
"ဟုတ်တယ် အခုမရှက်တော့ဘူး နင့်ဘက်ကပြန်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေနင့်ဘေးနားမှာအခုလိုရှိနေရတာနဲ့တင်ကျေနပ်ပြီ အဲ့တုန်းကငါလဲသိတယ်မလားပထမဆုံးဖွင့်ပြောတဲ့အခေါက်မှာတင်ငြင်းခံလိုက်ရတော့အခုတော့ငါတို့ကအသက်တွေရလာပြီလေ ရင့်ကျက်ရတော့မယ် အခုလိုငါ့ကိုစိတ်မကွက်သွားပဲရင်းရင်းနီးနီးရှိတာနဲ့တင်တော်ပြီ"
"အဲ့တာဆို လာမဲ့တရားခွင်ကျ နင်အမှုစစ်လိုက်မယ်ဆိုတာငါသိတယ် အဲ့ကျငါ့ကိုအလျော့ပေးမှာလားဟင်"

YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romansaတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။