ဓန ဝိုင်သောက်ပြီးသည်နှင့် ခန္ဓာကိုယ်အတွင်း ပူလာကာ နေရခက်လာသည်။ ဓန အိမ်သို့ အမြန်ပြန်ရန် ထွက်လာခဲ့သည်။
"ကို ပြန်တော့မလို့လား နေပါအုံး ကိုရဲ့"
သရဖီက ဓနကို စကားလေးပြောရင်း လက်များက ဓန၏ ခန္ဓာကိုယ်ကို ပွတ်သတ်နေသည်။
"ဖယ်စမ်း သရဖီ "
ဓန သရဖီ၏ လက်များကို ဖယ်ချလိုက်သည်။
"ကို ဘာဖြစ်လို့လဲ သရဖီ ဘာကူညီပေးရမလဲဟင်"
"မလိုဘူး မင်းနဲ့ငါ ပြီးမှ စာရင်းရှင်းမယ် သရဖီ"
ဓန သရဖီအား တွန်းထုတ်ကာ ထိုနေရာမှ အမြန်ဆုံး ထွက်လာခဲ့သည်။ ဓန၏ ကိုယ်က မူမမှန်သည်ဖြစ်၍ သရဖီတို့ ဓနအားတိုက်လိုက်သည့် ခွက်တွင် တစ်ခုခု ထည့်ထားမည်မှာ သေချာပါသည်။ဓနကားကို အမြန်မောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတွင် မီးပွိုင့်များကို မည်သို့ဖြတ်ကျော်ခဲ့သည်ကိုလဲ မသိတော့ပါ။ ဓနတိူ့ခြံအနားရောက်သည်နှင့် ဟွန်းအား ဓန အဆက်မပြတ် တီးထားလိုက်သည်။
သဝဏ် အိပ်ပျော်စပြုချိန်တွင် ဟွန်းတီးသံကို ကျယ်လောင်စွာ ကြားလိုက်ရသဖြင့် လန့်နိုးလာသည်။ အိမ်ထဲရောက်သည်အထိ ကားဟွန်းသံက မရသည်ဖြစ်၍ အခန်းထဲမှ ထွက်ကာ အောက်သို့ ဆင်းလာခဲ့လိုက်သည်။
ဓန အိမ်သို့ရောက်သည်နှင့် ကားထဲမှ မထွက်တော့ဘဲ ကားထဲတွင်သာ ထိုင်နေလိုက်တော့သည်။ ဓန၏ ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်းပိုမိုဆိုးရွားလာသည်။
"ဒေါက်.. ဒေါက်"
သဝဏ် အိမ်အောက်ရောက်သည့်အခါတွင် ဆင်ဝင်အောက်တွက် ကားကို ထိုးရပ်ကာ ဆင်းမလာသဖြင့် ဓနတစ်ခုခုဖြစ်လာသည်ဟု ထင်၍ စိုးရိမ်သွားသည်။ ကားမှန်တံခါးကို ခေါက်သော်လည်း ဓနက ဖွင့်မပေးလာပေ။
ကိုယ့်အပေါ်ဘယ်လောက်ပင် အမြင်မကြည်လင်သူဖြစ်စေ ယခုလို အိမ်မှာ လူကြီးများမရှိသည့်အခါတွင် ကိုယ်က သူနဲ့ သူစိမ်းပင်ဆိုစေအုံး အိမ်၏ လူကြီးတစ်ယောက်မဟုတ်လား။
"ဓနဂုဏ်ရှိန် ဓန ကားပေါ်က ဆင်းခဲ့တော့လေ တစ်ခုခုဖြစ်လို့လား"
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...