သဝဏ်က ဓနကို နောက်ရက်မှာ အမှန်ပင် စက်ဘီးလိုက်ဝယ်ပေးခဲ့သည်။ ကျောင်းသွားသည့် အချိန်များတွင် ဓနက စက်ဘီးနှင့်သွားသည်။ ဓန ဤမြို့လေးတွင် နေသည်မှာ တစ်လကြာပြီးချိန်တွင် ဤမြို့လေးနှင့် အတော်ပင်အသားကျနေပြီဖြစ်သည်။
"ဓန ဒီနေ့တော့ လာမကြိုနဲ့တော့နော် "
"ဟင် ဘာဖြစ်လို့လဲ သဝဏ် ဘယ်သွားစရာရှိလို့လဲ"
"ဘယ်မှ သွားစရာမရှိပါဘူး ဆံပင်သွားညှပ်လိုက်ရင်ကောင်းမလားလို့ စဉ်းစားမိလို့ပါ"
"ဆံပင်က ဘာလို့ညှပ်မှာလဲ ဒီအတိုင်းလေးလဲ အဆင်ပြေတယ်မလား"
"နောက်ဆို ကိုယ်ဝန်က လရင့်လာတော့မှာလေ ခေါင်းလျှော်တာတွေ အဆင်မပြေဖြစ်တော့မှာ ဆိုတော့ အခုထဲက ညှပ်လိုက်တော့မလို့"
"ခေါင်းလျှော်လို့ အဆင်မပြေဖြစ်မှာ စိတ်မပူပါနဲ့ ကျွန်တော် တစ်ယောက်လုံးရှိပါတယ် ကျွန်တော် လုပ်ပေးမှာပေါ့"
"ရတယ် ဆံပင်ရှည်မကြိုက်တော့လို ညှပ်လိုက်တော့မယ်"
"ဟုတ်ပါပြီ အဲ့ဆိုလဲ ကျွန်တော်လာခေါ်မယ် ဆံပင်ညှပ်ပြီးရင် ဆေးရုံလဲသွားရအုံးမယ်နော် သဝဏ် "
"အင်းပါ မင်းက ကျောင်းနဲ့အဆင်ပြေပါ့မလား ငါတစ်ယောက်ထဲသွားလိုက်လို့ရပါတယ်ဆို"
"ခင်များက ပိုအရေးကြီးတယ် ကျောင်းက ဒီနေ့ တစ်ဝက်ဘဲ တက်ရမှာ ကျွန်တော်လာခေါ်မယ် ခင်များအခန်းထဲမှာဘဲ စောင့်နေ "
"အင်း "
ဓနက မနက်တိုင်း ကျောင်းမသွားခင် သဝဏ်အား အမြဲလိုက်ပို့ပေးသည်။ သဝဏ်တို့ စောင့်ရှောက်ရေးမှ လူများပင် ဓနနှင့် အတော်ရင်းနှီးနေကြပြီ ဖြစ်သည်။
သဝဏ်က ခေတ်မေ၏ ပြခန်းအတွက်ပန်းချီများကို အိမ်တွင်သာဆွဲပေး၍ ဘိုးဘွားများ ဂေဟာကိုတော့ နေ့တိုင်းသွားဖြစ်သည်။ ဓနကတော့ အိမမတွင် နားရန်ပြောသော်လည်း သဝဏ်က လရင့်လာမှ နားမည်ဟု ပြောထားဖြင့် အသွားအပြန်ကိုတော့ သူကိုယ်တိုင် အပို့အကြိုလုပ်ပေးသည်။
သဝဏ်ကို ပို့ပေးပြီးသည့်အခါမှ ဓနကကျောင်းသို့သွားသည်။ခုလဲ သဝဏ်ကို ပို့ပေးပြီးသည်နှင့် ဓနက ကျောင်းသို့ သွားလိုက်ပြီဖြစ်သည်။
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...