"တစ်ဖက်က ကလေးပြောတာကို ကျောင်းအုပ်ကြီးတို့လဲ ကြားမှာပါ"
သဝဏ်၏ စကားသံအဆုံး ကျောင်းအုပ် မျက်နှာပျက်သွားသည်။
"ကျွန်တော်ဘက်က ကျွန်တော့်သားလေး ဒီဘက်က ကလေးအပေါ်ကို ထိခိုက်နာကျင်အောင် ရိုက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် ၊ သားလေးအခုလို တစ်ခြားတစ်ယောက်အပေါ် ဒေါသထွက်နေသည်တိုင် လက်မပါမိအောင် သေချာမဆုံးမထားတဲ့ ကျွန်တော် အပြစ်ပါ"
"ဟွန် အသောထဲက အခုလို အမှားကို အမှားမှန်းသိပြီးတောင်းပန်လိုက်ရင် ရပြီလေ၊ အဲ့ဒါကို အရစ်ရှည်နေသေးတယ်"
"ဒါပေမဲ့ ဒီဘက်က ကလေးက ကျွန်တော့်သားလေးကို ပြောဆိုခဲ့တာတွေအတွက် တောင်းပန်ပေးပါ"
"အိုး ဘာဆိုင်လို့ တောင်းပန်ရမှာလဲ ကလေးကပြောတဲ့စကားကို "
"ကလေးက ပြောတယ်ဆိုတာ လူကြီးတစ်ယောက်က သူ့ရှေ့မှာ ပြောခဲ့ဖူးတဲ့ စကားမလို့ပါ၊ လူကြီးဆိုတာ ကလေးတစ်ယောက်အတွက် စံပြဖြစ်နေရမှာပါ၊ အခု ဒီဘက်က အစ်မကလေးက ကျွန်တော့်ကိုကော ပြောထားတာပါ၊ အဲ့အွက် ကျွန်တော့်ကို တောင်းပန်တာ မတောင်းပန်တာက အစ်မရဲ့ ဆုံးမသွန်သင်မှုနဲ့ဆိုင်မှာပါ ဒါပေမဲ့ သူ့ကြောင့် စိတ်ထိခိုက်သွားတဲ့ ကျွန်တော့်ရဲ့ သားကို တောင်းပန်ပေးရပါမယ်"
"ဘာဆိုလို့ တောင်းပန်ရမှာလဲ လုံးဝမတောင်းပန်နိုင်ဘူး၊ ငါ့သားပြောတာ အကုန်အမှန်တွေဘဲလေ မှားနေတာ တစ်ခုမှ မပါဘူး"
သဝဏ် စိတ်အတော်ရှည်ထားရသည်ဖြစ်၍ ထိုမိန်းမပြောသည့် စကားအား သည်းခံနိုင်ရန် အတော်ပင်ခက်ခဲနေပြီဖြစ်သည်။
"ဒိဘက်က ကျောင်းသားအဖေကလဲ တောင်းပန်ပြီးပြီလဲ အစ်မကလဲ အစ်မသားပြောလိုက်တဲ့စကားအတွက် တောင်းပန်ပေးစေချင်ပါတယ်"
ကျောင်းအုပ်ကြီးက မြန်မြန်ပြီးစေချင်သည့် သဘောရှိနေဟန်ကို သဝဏ် နားလည်လိုက်သည်။ သဝဏ်လဲ ယခုကိစ္စအား အမြန်ပြီးစေချင်သည့် ဖြစ်၍ သားရိုက်လိုက်သည့် ကလေးနှင့် စကားပြောရန်သာ တွေးလိုက်သည်။
"သား ဦးဦးသားလုပ်လိုက်တာအတွက် ဦးဦးက တောင်းပန်တယ်နော် ၊ သားအရမ်းနာသွားတယ်မလား"
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...