"မင်း လူလိမ် ဓနဂုဏ်ရှိန်"
ဓနက သဝဏ်အားကုတင်ပေါ်တွင် အသာအယာ ချပေးသည်။ သူလဲ သဝဏ်ဘေးတွင် ဝင်လှဲလိုက်သည်။
"သဝဏ်ကို ကျွန်တော်ချစ်တယ်၊ အရာအားလုံးထပ်ပိုချစ်တယ် ၊ ကျွန်တော့်ကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ဓနက ရုတ်တရပ်ပြောလာ၍ သဝဏ် ဘာပြောရမှန်းမသိတော့ပေ။ ရင်ထဲတွင် ဝမ်းနည်းလာသည်ဖြစ်၍ ဓန၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
အမှန်ဆိုလျှင် ကိုယ်က သူ့ကို ရွေးချယ်လိုက်သည်မဟုတ်ဘဲ သူကသာ ကိုယ့်လက်ကို ဆုပ်ကိုင်ထားခဲ့သူမဟုတ်လား။
"ကျွန်တော့ကြောင့် ဝမ်းနည်းသွားတာလားသဝဏ်၊ ကျွန်တော် ချစ်လို့ပြောတာကို မယုံလို့လား"
"ဟင့်အင်း ၊ ယုံတယ် ၊ ငါကော မင်းကို ချစ်တယ် ၊ အခုလိုမျိုး ငါ့လက်ကို ဆုပ်ကိုင်ပေးခဲ့လို့ မင်းကို ကျေးဇူးတင်တယ်၊ အမှန်တော့ ငါလေ မင်းနဲ့ လက်ထပ်ပြီး မင်းနဲ့အတူ ဒီကို လာခဲ့တယ်ဆိုပေမယ့် မင်းသာမပျော်တော့ဘူးဆိုရင် မင်းသာအိမ်ကိုပြန်ချင်တယ်ပြောလာခဲ့ရင် ခွင့်ပြုပေးဖို့အထိ ငါစဉ်းစားထားခဲ့တာ၊ အခုလိုမျိုး ငါဘေးမှာ ရှိနေပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်တယ်၊ ငါရဲ့ လက်ကို မလွှတ်ချပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်တယ်၊ ငါ့အပေါ်မှာ ကောင်းမွန်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လာပေးတဲ့အတွက်လဲ ကျေးဇူးတင်တယ် ပြီးတော့..."
သဝဏ် ဓန၏ ရင်ခွင်ထဲမှ ထွက်ကာ ဓန၏ မျက်နှာလေးကို ကိုင်ကာ စိုက်ကြည့်လိုက်သည်။
"ငါမင်းကို ချစ်တယ် ဓန"
သဝဏ်ပြောပြီးသည်နှင့် ဓန၏ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
ပထမဆုံး စနမ်းသည့်သူမှာ သဝဏ်ဖြစ်သော်လည်း ကြမ်းတမ်းသည့်အနမ်းများ ဆက်လက်ဦးဆောင်နေသူမှာ ဓနဂုဏ်ရှိန်ဖြစ်လေသည်။
အပြင်တွင် ရွာသွန်းနေသည့် မိုးသည်းနှင့်အတူ အခန်းထဲတွင် အနမ်းကြမ်းများ ရွာသွန်းနေသည်။
အနမ်းကြမ်းများဖြင့် နှစ်ယောက်လုံး၏ ကိုယ်ပေါ်တွင် အဝတ်နှင့်တူသည့်အရာမှာ တစ်ခုမျှပင် မရှိတော့ပေ။
YOU ARE READING
Making Purple Home (Complete)
Romansaဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...