Part (12) Uni+Zaw

5.2K 181 0
                                    

"ဒေါက် .. ဒေါက် .. ဒေါက်"

"ဟုတ် ခဏလေးနော်"

သဝဏ်ရေချိုးခန်းမှ ထွက်လာသည်နှင့် အခန်းတံခါးခေါက်သံကြားလိုက်ရသည်။ ရေစိုနေသေးသည့် ဆံပင်ကို တဘက်ဖြင့် သေချာသိမ်းကာ အခန်းတံခါးကို ဖွင့်လိုက်သည်။

"ဓနဂုဏ်ရှိန်"

"အောက်ကို ခဏဆင်းလာပေးအုံးသဝဏ် ဖွားဖွားတို့ စောင့်နေကြတယ်"

"ပြောစရာရှိလို့လား သွားမယ်လေ "

သဝဏ်အခန်းအပြင်ထွက်ရန် ပြင်လိုက်သည်။

"ခေါင်းကို အရင်သုပ်လိုက် သဝဏ် မဟုတ်ရင် ခေါင်းကိုက်နေလိမ့်မယ်"

"ရပါတယ် ပြီးမှဘဲ သုပ်လိုက်မယ် လူကြီးက စောင့်နေရတာ အားနာစရာကောင်းတယ်" 

"ရတယ် လာထိုင် ကျွန်တော် လုပ်ပေးမယ်"

ဓန သဝဏ်အား ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ခုံပေါ်တွင် တင်ထားသည့် dryerကို ယူကာ သဝဏ်၏ ဆံပင်ရှည်ကြီးအား ခြောက်သွားစေရန် လုပ်ပေးလိုက်သည်။ အရမ်းလဲမပူစေဘဲ ဆံပင်ကို အရမ်းမခြောက်သော်လည်း အရင်ကလို ရေစိုနေသည့်အနေအထားမျိုး မဟုတ်တော့ပေ။ 

"သွားကြမယ် သဝဏ်"

ဓနက လက်ကမ်းလာသည့်ဖြစ်၍ သဝဏ် ဓန၏ လက်ကို ကိုင်ကာ အောက်သို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် ဧည့်သည်တစ်ယောက်ရှိနေကာ ထိုဧည့်သည်က စားပွဲဝိုင်း၏ ထိပ်ဆုံးတွင် နေရာယူထားသည်။ အန်တီနှင့် ခေတ်မေတို့ အစ်ကိုတို့က တစ်ဖက်ခြမ်းတွင် ထိုင်နေကြသည်။ ဓနက အန်တီတို့ထိုင်နေသည့် ခုံနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သဖြင့် သဝဏ်လဲ ဓနဘေးတွင်သာ ဝင်ထိုင်လိုက်သည်။ 

"နှစ်ယောက်လုံး ရောက်လာကြပြီဆိုတော့ ရှေ့နေကြီးကဘဲ လိုအပ်တာလေးတွေ စီစဉ်ပေးပါအုံး"

အန်တီ၏ စကားသံအဆုံး စားပွဲဝိုင်း၏ ထိပ်ဆုံးတွင် ထိုင်နေသည့် လူက ခေါင်းငြိမ့်ပြကာ ဓနနှင့် သဝဏ်တို့၏ အရှေ့သို့ စာချုပ်နှစ်ခုအား ချပေးလာသည်။ 

"အင်း.. ဦးလဲ ညဘက် ချက်ချင်းလုပ်လိုက်ရတာဆို‌တော့ လက်ထပ်စာချုပ်ကို အမြန်လုပ်လိုက်ရတော့ စာချုပ်က ခရမ်းရောင်လေး ဖြစ်သွားတယ် သားတို့ နှစ်ယောက်က ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်နော်၊ အသိသက်သေအနေနဲ့က ဒီက မောင်ဓနတို့ရဲ့  အဒေါ်တို့ ဇနီးမောင်နှံက ထိုးပေးပါလိမ့်မယ်"

Making Purple Home (Complete)Where stories live. Discover now