Part(14)Uni+Zaw

4.8K 161 4
                                    

နောက်တစ်နေ့တွင် သဝဏ်တို့ အိမ်အတွက် လိုအပ်သည်များဝယ်ရန် အနီးတွင် ရှိသော Shopping Mallသို့ လာခဲ့ကြသည်။

သဝဏ်က အဓိက လိုအပ်သည့် စားစရာများကို ထည့်လိုက်သည်။ ဓနက အခြားလိုအပ်သည်များကို ထည့်သည်။ ဓနက အတော်ပင် အားကိုးရသည်ဟုဆိုရမည်။ သဝဏ်ဘာဝယ်ရမည်ကို သေချာမစဉ်းစားတတ်သော်လည်း ဓနက အကုန်အဆင်ပြေအောင်ဝယ်ထည့်ပေးသည်။

"သဝဏ် ဒီCouple ပန်းကန်လေးဝယ်လိုက်မယ်နော်"

သဝဏ် ဓနပြသည့် ပန်းလေးအား ကြည့်လိုက်သည်။ ပန်းလေးသည် ရိုးရိုးရှင်းရှင်းလေးနှင့် လှပ‌သည်။ ကြွေထည်ပစ္စည်းလေးဖြစ်ကာ  အရောင်လေးက ထူးထူးဆန်းဆန်း ခရမ်းရောင်လေးဖြစ်သည်။ ထမင်းစားပန်းကန်ပြားနှင့်အတူ ပန်းကန်လုံးလေးလဲပါသေးသည်။

"အဲ့ဒါ Couple မဟုတ်ဘူး Family set ပြီးတော့ ဘာလုပ်မှာလဲ အိမ်မှာလဲ ပန်းကန်တွေ အများကြီးရှိနေတာကို"

"ဝယ်လိုက်ပါ သဝဏ်ရယ် ကျွန်တော်ရချင်လို့ပါ အိမ်မှာ ပန်းကန်ရှိလဲ သဝဏ်နဲ့ကျွန်တော်က ဒါလေးနဲ့ အသစ်သုံးကြမယ်... သဝဏ်"

"အင်း.. ယူလိုက် ထည့်ထားလိုက်"

သဝဏ်၏ ထည့်လိုက်ဆိုသည့် အသံကြားသည်နှင့် ဓနက အလွန်ပျော်သွားပုံရသည်။ setလေးအား အမြန်ထည့်လိုက်သည်။

"မင်းကို အင်္ကျီလိုက်ဝယ်ပေးရအုံးမယ် အိမ်မှာလဲ အဝတ်အစားတွေရှိတာကို ဘာလို့မထည့်ထားတာလဲ"

"ကျွန်‌တော်က သဝဏ်အဖွားပြောတာကို လက်မခံရင် အနောက်က အမြန်လိုက်လို့ရအောင် နည်းနည်းဘဲ ထည့်ထားတာ သဝဏ်က လက်ခံလိုက်တော့လဲ အစက ထပ်မလုပ်ချင်လို့ ထည့်ထားတဲ့အတိုင်းယူလာခဲ့လိုက်တာ"

"အော် ..အေအေ ကောင်းပါတယ် ငါက ငြင်းချိန်တောင်မရလိုက်ဘူးလေ၊အဖွားက ရှေ့နေ့တစ်ခါထဲခေါ်ထားတယ်လေ၊ ငါလဲထိုင်ရော လက်ထပ်စာချုပ်က ရှေ့ကိုရောက်လာပြီ၊ အဲ့တော့ ငါက ဘာပြောရအုံးမှာလဲ"

"အမှန်တော့ ခင်များငြင်းမရအောင် ကျွန်တော်က အဖွားကို ညမှာ ချက်ချင်းရှေ့နေကို ဖုန်းဆက်ခိုင်းလိုက်တာ၊ ဖြစ်နိုင်ရင် ညချက်ချင်းလက်မှတ်ထိုးမယ်ပြောတာ၊ ရှေ့နေက လာလို့မရ‌တော့လို့ ခင်များ ကံကောင်းသွားတာ"

Making Purple Home (Complete)Where stories live. Discover now