"သဝဏ် ကျွန်တော် သဝဏ်နဲ့ တိုင်ပင်စရာလေးရှိလို့"
"ဘာပြောမလို့လဲ ပြောလေ"
"ကျွန်တော် ဒီကိုရောက်တာလဲ အခုဆို နှစ်လရှိပြီလေ ကျွန်တော် အလုပ်လေး တစ်ခုလုပ်ရင်ကောင်းမလားလို့"
"အင်း ဘယ်မှာ လုပ်မလို့လဲ အဖွားတို့ ဆီမှာ မလုပ်ဘူးလား"
"မလုပ်သေးဘူး ကျွန်တော် တစ်ခြားကုမ္ပဏီမှာ အရင် အလုပ်သင်အနေနဲ့ ဝင်ကြည့်မလားလို့ အဖွားတို့ကို ပြောလိုက်ရင် ကျွန်တော့်ကို အခြေခံကနေဝင်ခိုင်းမှာ မဟုတ်ဘူး"
"အင်း အဲ့ဒါလဲ ကောင်းပါတယ် အခုက ဘယ်မှာလုပ်မှာလဲ ၊ဘာကြောင့် လုပ်ချင်တာလဲ ၊ ကိုယ်တိုင်က စိတ်ဝင်စားလို့ လုပ်ချင်တာလား"
ဒါလေးက သဝဏ်၏ ချစ်စရာကောင်းသည့် အချက်လေးတစ်ချက်ဟု ဆိုရမည်ဖြစ်သည်။ ဓနကို တစ်ခုခုပြောသည့်အခါမျိုးတွင် ဓနဆန္ဒကိုလဲ အလေးပေးတတ်သလို၊ ဓနထံမှ အကြံပေးသည့်စကားကိုလဲ လက်ခံပေးသည်။ ကိုယ်က အသက်ကြီးသည့်သူဖြစ်၍ ကိုယ့်စကားကိုသာ လက်ခံရမည်ဆိုသည့် စိတ်မျိုးမရှိပေ။ ဓနက တိုင်ပင်သည့်အခါတွင်လဲ သေချာနားထောင်ပေးကာ ဓနကို အကြံပေးတက်သည်။ သဝဏ်အမြဲပြောသည့် စကားလေးကတော့ 'ကိုယ့်စိုက်ပျိုးတဲ့အရာတွေကိုသာ ကိုယ်က ရိပ်သိမ်းရတာဖြစ်တဲ့အတွက် တစ်ခုခုကို လုပ်မယ်လို့ စဉ်းစားပြီးရင် သေချာလေးလုပ်ပါ' ဟု အမြဲပြောသည်။ ယခုလဲ အလုပ်ကိစ္စနှင့် ပြောသည့်အခါတွင် ဓနကို အရင်ဆုံးသေချာအောင်မေးသည်။ အိမ်ထောင်ရေးဆိုတာ ဒီလိုလေးပါလားဟု ဓနတွေးမိသည်။
"ဟုတ်တယ် ကျွန်တော် ကိုယ်တိုင်စိတ်ဝင်စားလို့သဝဏ်၊ ပြီးတော့ Program ရေးဆွဲတဲ့ company တစ်ခုမှာဝင်လုပ်မလို့ပါ။ကျွန်တော် အခုတက်နေတဲ့ ကျောင်းမှာ ကျွန်တော်တို့လို နောက်ဆုံးပညာသင်နှစ်တွေကို လာခေါ်တာနဲ့ ကျွန်တော် စိတ်ဝင်စားလို့ လျှောက်ကြည့်မလားလို့"
"အင်း ဝါသနာပါတယ်ဆိုရင် လုပ်ပါ ဒါပေမယ့် အလုပ်သွားရလို့ဆိုပြီး ကျောင်းပျက်တာတော့ မဖြစ်စေနဲ့ အလုပ်လဲ ပုံမှန်သွားသလို ကျောင်းကိုလဲ ပုံမှန်သွားစေချင်တယ်"
YOU ARE READING
Making Purple Home (Complete)
Romansဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...