Part(21)Uni+Zaw

4.1K 125 3
                                    

"သဝဏ် နင်ဘာလုပ်မှာလဲ တစ်ခုခုစဉ်းစားထားတာရှိလား "

"...."

"သဝဏ် နင်ငါ့အိမ်မှာ ကြိုက်သလောက်နေလို့ရတယ် ဒါပေမယ့် ဓနကိုတော့ တစ်ခုခုပြောမှ ဖြစ်မယ်နော်၊ သူနင်အိမ်မပြန်တဲ့ သုံးရက်လုံး ငါ့ကို ဂေဟာမှာ လာမေးတယ်၊ နင်သူကို သေချာ‌ မေးကြည့်တာပိုကောင်းမယ် သဝဏ်"

"...."

သဝဏ် ဓနကို ထိုသို့မြင်ပြီးချိန်မှ ဘာမှ မစဉ်းစားနိုင်တော့ဘဲ ဖုန်းအားစိက်ပိတ်လိုက်ကာ ခွန်ဝတ်အိမ်တွင် နေနေသည်။ ခွန်ဝတ်ကိုလဲ ဓနအားပြောပြလိုက်လျှင် ဘယ်သူမှ အသိနိုင်သည့် နေရာသို့ ထွက်သွားမည်ဟု ပြောထားသည်။

"သဝဏ် နင်ပြောတယ်လေ ဓနကို ကောင်မလေးတစ်ယောက်နဲ့ နမ်းနေတယ်မြင်ခဲ့တယ်ဆိုတော့ အဲ့ကောင်မလေးက ဘယ်လိုပုံစံမျိုးလဲ ငါ ခွန်တင်ကို တီးခေါက်ကြည့်မယ်လေ"

"ကောင်မလေးမျက်နှာကိုသေချာမမြင်ခဲ့ရဘူး အရက်စပ်တဲ့ကောင်တာက ပြောလိုက်တာတော့ ဂီးတာတီးသမားနဲ့ သူ့တွဲဖက်တွေနားတဲ့နေရာလို့ပြောတယ် ၊ အခုငါစိတ်တွေ ရှုပ်ထွေးနေတယ် ခွန်ဝတ်"

"သဝဏ် အရမ်းစိတ်ရှုပ်စရာတွေမတွေးပါနဲ့၊ ပြီးတော့ ဘယ်ကိစ္စမဆို နှစ်ဖက်မျှတွေးကြည့်ပါလား၊ နင်နဲ့ငါတွေ့ခဲ့တဲ့သူက သူ့အသိသူငယ်ချင်းလဲ ဖြစ်နိုင်တာဘဲလေ၊ နင်ကိုယ်တိုင် သူ့ကို ပွင့်ပွင့်လင်းလင်းမေးလို့ သူကရှောင်နေတယ်ဆိုလဲတစ်မျိုးပေါ့၊ အဆိုးဘက်ကိုဘဲ အရမ်းမတွေးပါနဲ့ ၊ နင့်ဗိုက်ထဲမှာ ကလေးရှိသေးတယ်လေ၊ နင့်စိတ်ကို ပျော်ပျော်နေမှ ကလေးကလဲ ပျော်မှာပေါ့၊ ငါအထင်နင်အိမ်ပြန်ပြီး ဓနနဲ့သေချာဆွေးနွေးသင့်တယ်လို့ထင်တယ်"

"အင်း နင်ပြေယသလို ဆွေးနွေးကြည့်တာပေါ့ အဆင်မပြေဘူးဆိုရင်လဲ စောစောလမ်းခွဲလိုက်တာ ပိုကောင်းတာပေါ့"

"ငါခွန်တင်ကိာ မေးကြည့်ပါအုံးမယ် ဒီကောင်က သူ့စီမှာ gayတွေကို အဓိကထားတာဆိုတော့ သူ့ကလပ်က gayသီးသန့်တောင်ဖြစ်နေပြီ ငါမိန်းကလေးခေါ်တယ်လို့ တစ်ခါမှ မကြားဘူး သူ့ကိုဖုန်းဆက်ပြီး မေးလိုက်အုံးမယ်"

Making Purple Home (Complete)Where stories live. Discover now