သဝဏ်တို့ မြန်မာနိုင်ငံက ထွက်လာသည်မှာ နောက်ကျသဖြင့် ထိုင်းသို့ရောက်သည်မှာလဲ နောက်ကျသည်။ သဝဏ်၏ မြို့လေးထံသို့ ဘန်ဘောက်မှ တစ်ဆင့် နှစ်နာရီခန့် ကားစီးရသည်။သဝဏ်နှင့် အတူပါလာသည့် ဓနကတော့ လေယာဉ်ပေါ်ရောက်သည့်အချိန်ထဲက အိပ်၍လိုက်လာသည်။ လေယာဉ်ပေါ်က ဆင်းသည့် အချိန် နိုးသော်လည်း ကားပေါ်ပြန်တက်သည့် အခါတွင် ထပ်ပြန်အိပ်နေသည်။ သဝဏ်မှာသာ အတွေးများနေ၍ အိပ်မပျော်နိုင်ပေ။
အစ်ကိုမင်္ဂလာဆောင်အတွက် လိုက်သွားသည့် သဝဏ်ဟာ ယောက်ျားတစ်ယောက်အပြင် ကလေးတစ်ယောက်ပါ ရလာခဲ့သည်။ ရလာသည့် ယောက်ျားမှာလဲ ကိုယ်ထပ် (၁၄)နှစ်ငယ်သည့် ကလေးဖြစ်နေတော့ သဝဏ် နောင်လာမည့်နေရက်တွေအစား ကြိုတွေးကာ ရင်မောနေမိသည်။
ကားနှစ်နာရီခန့် စီးပြီးသည့်အချိန်တွင် သဝဏ်နေထိုင်ရာ မြို့လေးသို့ ရောက်လာသည်။ သဝဏ်တို့ နေသည့် ရပ်ကွက်ထဲသို့ မောင်းကာ လမ်းထိပ်တွင် သဝဏ်တို့ ဆင်းလိုက်သည်။
ဓန အခုမှ ပထမဆုံးရောက်ဖူးသည့် သဝဏ်တို့ ရပ်ကွက်လေးကို ကြည့်လိုက်သည်။ ရပ်ကွက်အတွင်းရှိ အိမ်လေးများသည် ချစ်စရာအလွန်ကောင်းသည်။ တစ်အိမ်နှင့် တစ်အိမ်ကပ်နေသော်လည်း အရမ်းကြပ်ကာ ပူးကပ်နေခြင်းမျိုးမဟုတ်ပေ။ သဝဏ်ဝင်သွားသည့် လမ်းကြားလေးထဲက အိမ်လေးတွေဆို ပို၍ ချစ်စရာကောင်းသည်။ ခြံစည်းရိုးအဖြူရောင် ဆင်တူလေးများဖြစ်၍ အိမ်များမှာလဲ အရောင်နှင့် ပုံစံအနည်းငယ်သာကွဲသည်။ အိမ်အားလုံးသည် တစ်ထပ်အိမ်လေးဖြစ်သည်။ ညအချိန်ဖြစ်၍လာတော့ မသိပါ ရပ်ကွက်လေးသည် အလွန်ပင် တိတ်ဆိတ်လျက်ရှိသည်။ ညဘက်ပင် ဒိလောက်လှသည့် ရပ်ကွက်လေးသည် မနက်ရောက်လျှင်ပို၍ လှမည်မှာသေချာပါသည်။ ဓနအရှေ့မှ သွားနေသော သဝဏ်အနားသို့ အမြန်သွားလိုက်သည်။
"သဝဏ် ပေး ကျွန်တော် သယ်ပေးပါမယ်"
"ရတယ် မင်းအထုတ်သာမင်းသယ်လိုက်ပါ အိမ်လဲရောက်တော့မှာဘဲ"
"အိမ်ရောက်တော့မယ်ဆိုရင်တောင် ကျွန်တော်က ကိုယ်ဝန်သည်ကို အလေးတွေ မသယ်ခိုင်းပါဘူး ပေးပါ"
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...