Part(28)Uni+Zaw

3.9K 101 0
                                    

သားလေးသည် သဝဏ်တို့ရောက်ပြီး သုံးရက်လောက် နေမကောင်းဖြစ်သွားသေးသည်။ နေရာအပြောင်းအလဲနှင့် လေယာဉ်စီးလာရသည်ဖြစ်၍ ခရီးပန်း၍ နေမကောင်းဖြစ်ခြင်းဖြစ်သည်။

"မောင် ထတော့ အလုပ်သွားရမယ်လေ မောင် ထတော့လို့"

"အင်း... သဝဏ် ခဏလေးဘဲ "

"ခဏလေးမလုပ်နဲ့တော့ မောင် အလုပ်နောက်ကျရင် မကောင်ဘူး"

"ခဏပါဘဲ သဝဏ်ရယ် လာပါအုံး"

ကုတင်ဘေးတွင် ထိုင်နေသည် သဝဏ်၏ လက်ကိုဆွဲကာ မောင်က ရင်ခွင်ထဲထည့်၍ ဖက်ထားလေသည်။

"မောင် မဆိုးနဲ့တော့ အလုပ်သွားရပါမယ်ဆို"

"မောင်ထပါမယ် သဝဏ်နဲ့အခုလိုလေး ခဏလောက်နေချင်လို့ပါ"

"၅မိနစ်ဘဲနော် မောင် ၅မိနစ်ပြည့်ရင်ထတော့ အလုပ်နောက်ကျရင် မကောင်းဘူး"

"အင်း.. ဘာလို့မကောင်းရမှာလဲ သဝဏ်ရဲ့ မောင်အလုပ်နောက်ကျလို့ မောင့်ကို ဘယ်သူဆူမှာလဲ"

"သူဌေးဆိုတာက ဝန်ထမ်းတွေအတွက် စံပြဖြစ်နေရမယ်လေ မောင် ရုံးဆင်းချိန်မှာ မောင်က မဆင်းသေးလို့ရပေမယ့် ရုံးတကခချိန်မှာ မောင်က ပုံမှန်လေးတတ်ပေးမှ ရုံးက ဝန်ထမ်းတွေကလဲ မောင့်အပေါ်လေးစားမှုရှိမှာပေါ့၊ မောင်နော် ထိုင်းမှာတုန်းက အခုလိုမဟုတ်ပါဘူး ဒီကိုရောက်လာတော့ မောင်က သဝဏ်စကားလဲ သိပ်နားမထောင်တော့ဘူး"

"ဟင်.. မောင် အကုန်နားထောင်တယ်လေ သဝဏ် "

ဓန အိပ်ချင်နေသည့် စိတ်ပင်ပြေချင်ချင်ဖြစ်သွားသည်။

"မောင် နားမထောင်ပါဘူး သဝဏ်က မောင့်မျက်နှာကြည့်ပြီး မောင့်နောက်ကို လိုက်လာတာနော်"

"အခုဘာအဆင်မပြေဖြစ်လို့လဲ သဝဏ် မောင့်ကိုပြောလေ၊ မောင်ဘာအမှားလုပ်လို့လဲ..ဟင် .. ဒါမှမဟုတ် မောင်တို့ ထိုင်းကိုဘဲ ပြန်ကြမလား ဖွားလဲ သက်သာသင့်သလောက် သက်သာနေပြီဘဲ မောင်ထိုင်းကနေဘဲ အလုပ်တွေကို ဦးစီးလိုက်မယ်၊ "

"မပြန်ချင်ပါဘူး၊ ဒီမှာ ဖွားနဲ့အတူနေချင်လို့လာတာကို မောင်က သဝဏ်ဒီမှာနေတာကို မကြိုက်လို့လား"

Making Purple Home (Complete)Where stories live. Discover now