Part(4)Uni+Zaw

6.7K 230 0
                                    

သဝဏ်တို့ ပြင်ဦးလွင်တွင် သုံးရက်သာနေမည်ဟုစဉ်းစားထားသော်လည်း လေးရက်ခန့်နေဖြစ်ခဲ့သည်။ နောက်ရက်တွင် မန္တလေးပြခန်းသို့ ဝင်ကာ မှာကြားစရာရှိသည်များကို မှာကြားခဲ့သည်။ သုံးရက်ခန့် နေပြီးချိန်တွင် ရန်ကုန်သို့ ပြန်လာခဲ့သည်။

သဝဏ်အစ်ကိုနှင့် တစ်ပတ်လုံးအဆက်အသွယ်မရပေ။ သဝဏ်ဖုန်းဆက်ထားသော်လည်း အစ်ကိုက သဝဏ်အားပြန်ခေါ်မလာပေ။ ခေတ်မေမှာလဲ မျက်နှာမကောင်းသည်ဖြစ်၍ သဝဏ် အားနာလာရသည်။ ထို့အတွက်ကြောင့် သဝဏ် ထိုင်းသို့ ပြန်ကာ အစ်ကိုထံသို့ သွားရမည်ဟု တွေးထားလိုက်သည်။

သဝဏ်တို့ ရန်ကုန်ပြန်ရောက်ချိန်သည် ညဘက်ဖြစ်၍ အိမ်တွင် အကုန်လုံးအိပ်ကာ တိတ်ဆိတ်နေပြီဖြစ်သည်။ သဝဏ်လဲ တစ်နေ့လုံးကားစီးလာရ၍ ပင်ပန်းသဖြင့် ကိုယ်လက်သန့်စင်ကာ အိပ်ယာဝင်လိုက်သည်။ ထိုင်းသို့ ခဏပြန်မည့်အကြောင်း ခေတ်မေအား မနက်တွင် ပြောရန်သာ စဉ်းစားလိုက်သည်။

နောက်တစ်နေ့ မနက်အစောတွင် ခေတ်မေက အဝတ်ထုတ်များဖြင့် အလောတကြီး ထွက်သွားလေသည်။  သဝဏ် အိမ်ကို ပြန်မည့်အကြောင်းပင်မပြောရသေးပေ။ ဧည့်ခန်းတွင် အန်တီလဲရှိနေသဖြင့် သဝဏ် အန်တီအား ခေတ်မေဘယ်သွားသည်ကို မေးရန် ဝင်ထိုင်လိုက်သည်။

"ဟို အန်တီ"

"အေ ပြောလေ သား ဘာလိုအပ်လို့လဲ"

"ဘာမှ မလိုပါဘူး ဟို ခေတ်မေက အလောတကြီး ဘယ်သွားလဲသိချင်လို့ပါ"

"အော် သားကို ဘာမှ မပြောသွားဘူးလား "

"ဟုတ် အန်တီ"

"အွန်း သားအစ်ကို ဟိုမှာ အက်စီးဒန့်ဖြစ်လို့လေ ဖြစ်တာက ကြာပြီလို့ပြောတယ် အဲ့ဒါအခုမှ သတိရလာလို့ ဖုန်းဆက်လာတာ မနက်က ကြားကြားချင်း သမီးက အထုတ်တွေယူပြီးလိုက်သွားတာ"

"ဗျာ ဟုတ်လား အန်တီ အဲ့ဆို ကျွန်တော်လဲ လိုက်သွားလိုက်ပါအုံးမယ်"

သဝဏ် အစ်ကို့အား စိတ်ပူသွားသည်။ သဝဏ်တစ်ပတ်လုံး အဆက်အသွယ်မရသည်မှာ အစ်ကိုနေမကောင်းဖြစ်နေ၍ပေါ့။ 

"သားက လိုက်မသွားပါနဲ့တော့ သူတို့လဲ သိပ်အကြာကြီးမှ ဟုတ်တာ သားအစ်ကို သက်သာတာနဲ ပြန်လာကြမှာဘဲ"

Making Purple Home (Complete)Where stories live. Discover now