နောက်ရက်တွင် ဓန အဓိက တရားခံ ဖြစ်သူ သရဖီနှင့် တွေ့ရန်သွားလိုက်သည်။ သရဖီနှင့် တွေ့နေကြ ကော်ဖီဆိုင်တွင်သာ ချိန်းထားသည်။ ချိန်းထားသည်ထက် နာရီဝက်နောက်ကျပြီးမှ ဓနလာခဲ့လိုက်သည်။ကော်ဖီဆိုင်ရောက်သည်နှင့် သရဖီ ထိုင်နေသည်ကို တွေ့၍ ထိုဝိုင်းတွင် ဓန ဝင်ထိုင်လိုက်သည်။
"ရှင် အဆင်ပြေရဲ့လား"
"မင်းဘာကြောင့် ငါ့ကို အခုလို လုပ်တာလဲ ငါမင်းအပေါ် ဘာမှ မလုပ်ထားဘူးလားလို့"
"ဟား... ဟား.. ဓနဂုဏ်ရှိန် မန်းမတစ်ယောက်ကို ချစ်တယ်ကြိုက်တယ် မပြောဘဲ ဒီအတိုင်းရှင် ဘယ်အထိတွဲဖို့ စဉ်းစားထားတာလဲ "
"ဟွန့် ဒီမှာ မေသရဖီ ငါ မင်းနဲ့ မတွဲခင်ကလဲ ကြိုပြောပြီးသား အေ အဲ့ဒါကို မင်းကိုယ်တိုင်လက်ခံလို့ နှစ်ဦးသဘောတူ တွဲခဲ့တာလေ အခုမှ ဘာတွေ လာပြောနေတာလဲ"
"ရှင့်ပုံစံပြောင်းလာမယ့် ထင်လို့ တွဲခဲ့ရုံဘဲ တစ်နှစ်ကြာတဲ့အချိန်ထိ အရင်အတိုင်းမပြောင်းလဲလာတာ ရှင်လေ အခုချိန်ထိ ကျောင်းက သူတွေကလွဲရင် ရှင်နဲ့ ကျွန်မတွဲနေတာကို ရှင့်အသိုင်းအဝိုင်းက ဘယ်နှယောက်များသိလို့လဲ ရှင်နဲ့ တွဲနေတယ်ဆိုတဲ့ အမည်ခံတာရှိပြီး လက်ကိုင်တာထပ်မပိုတဲ့ သမီးရည်းစား ဆက်ဆံရေးကို မုန်းလာပြီ ဒါကြောင့် ကျွန်မအပေါ်ကစားခဲ့တဲ့ ရှင်ကို အပြစ်ပေးတာ"
"အဟွန်း မင်းတို့ မိန်းမတွေဟာလေ သိပ်ကို တရားကျဖို့ကောင်းတယ်နော် ကိုယ့်အပြစ်ကို ဖုံးကွယ်ချင်တာနဲ့ဘဲ တစ်ခြားအရာတွေကို ဆွဲထည့်နေတယ်၊ ဒီမှာ မင်းငါ့ကို အခုလိုလုပ်လိုက်တော့ကော မင်းဘာရလဲ မင်းလုပ်ရက်အတိုင်း ငါမင်းကို ပြန်မလုပ်နိုင်ဘူး ထင်နေလို့လား"
"မထင်ပါဘူး ရှင်ကိုလဲ ကျွန်မက ငါမှားပါတယ် ငါ့ကို သနားပါလို့ပြောနေတာမဟုတ်ဘူး ကျွန်မမကျေနပ်တဲ့အကြောင်းအရာကို ပြောပြနေရုံဘဲ ကျွန်မ ရှင်ကို အဲ့လိုလုပ်လိုက်တာ မမှားဘူး မဟုတ်ဘူးမှားတယ် ဒါပေမယ့် ကျွန်မ အခုလိုဖြစ်အောင် လုပ်တဲ့သူကလဲ ရှင်ဘဲလေ ၊ အပြစ်တင်ချင်ရင် ရှင်ကိုယ်တိုင်ကိုဘဲ တင်နေလိုက်"
YOU ARE READING
Making Purple Home (Complete)
Romantizmဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...