Part(25)Uni+Zaw

4K 108 0
                                    

မကြာမှီပင် ကလေးလေးအား သဝဏ်တို့‌တွေ့ရတော့မည် ဖြစ်သည်။ ဓန၏ စာ‌မေးပွဲများလဲ ပြီးသွားပြီဖြစ်၍ ဓနမှာ သဝဏ်ကလေးမီးဖွားသည့်အချိန်တွင် အဆင်ပြေစေရန် အလုပ်အား တစ်နေကုန် သွားနေသည်။ ကလေးမှာ တဖြည်းဖြည်းကြီးထွားလာသည်ဖြစ်၍ သဝဏ်၏ အထိုင်အထက အရင်ကထပ်ပိုခက်ခဲလာသည်။

အဖွားတို့က လာတော့မည်ဟု ဆိုသော်လည်း သဝဏ်က ဆေးရုံတက်မှသာ ရောက်လာရန် ပြောထားသဖြင့် မလာဖြစ်သေးပေ။ ခေတ်မေက အိမ်တွင်အဖော်လာနေပေးမည်ဟု‌ဆိုသော်လည်း သဝဏ်၏ ယခုပုံစံကို ခေတ်မေအား မမြင်စေချင်ပါ။ ကိုယ်ဝန်ရှိနေသည်ကို သိသော်လည်း သဝဏ်၏ ယခုပုံကိုမြင်လျှင် ခေတ်မေက သဝဏ်ကို အမြဲစနေတော့မှာပင်ဖြစ်သည်။ ခေတ်မေက သဝဏ်၏အကြောင်းကို သိနေ၍ သဝဏ်က မလာရန်ပြောတော့ ရယ်နေသေးသည်။

သဝဏ်မှာ နောက်တစ်ပတ်နေလျှင် ဆေးရုံတက်ထားရတော့မည်ဖြစ်သည်။ ဒေါက်တာက တစ်ပတ်ကြို၍ ဆေးရုံတက်ရန် အကြံပြုသည်ဖြစ်၍ ဒေါက်တာ အကြံအတိုင်း လက်ခံလိုက်သည်။ အိမ်တွင်လဲ ယောက်ျားသား နှစ်ဦးသားရှိသည်ဖြစ်၍ ဆေးရုံကြိုတက်ထားသည်မှာ ကောင်းသည်ဟု ထင်မိသည်။

ဆေးရုံမတက်ခင်အချိန်တွင် သဝဏ် သားလေးကိုယ်ဝန်နှင့် လုပ်ချင်နေသည်မှာ တစ်ခုရှိနေသည်။ ကိုယ်မီးဖွားခါနီး၍ အလုပ်များနေသည့် ဓနကိုလဲ အပူမကပ်ချင်ပါ။ သို့သော်လည်း ကိုယ့်စိတ်ထဲ လုပ်ချင်နေသည့် အရာတစ်ခုအား မလုပ်ရသဖြင့် သဝဏ်စိတ်ထဲ နေလို့မကောင်းပေ။

"သဝဏ် နေမကောင်းလို့လား ညနေစာ ထမင်းလဲ နည်းနည်းလေးဘဲစားတယ်"

"မဟုတ်ပါဘူး ကောင်းပါတယ် ဒီအတိုင်းစားချင်စိတ်မရှိလို့ပါ"

‌ဓန ကုတင်ပေါ်တွင် ထိုင်နေသည့် သဝဏ်၏ ဘေးသို့ ဝင်လိုက်သည်။ သဝဏ်ယခုလို ဖြစ်နေသည်မှာ ဓနသတိထားမိသလောက် တစ်ပတ်ခန့်ပင်ရှိနေပြီဖြစ်သည်။ ဒီနေ့တော့ ဓန၏ ဗိုက်လေးအား မေးမှ ရတော့မည်ဖြစ်သည်။ ဒေါက်တာက ကိုယ်ဝန်သည်တွေက မွေးဖွားခါနီးလေ တစ်ယောက်ထဲ အတွေးများတတ်ကာ ဝမ်းနည်းလွယ်သည်ဟု ပြောပြထားသည်။ ဓန သဝဏ်လက်လေးအား ယူကာ ဆုပ်ကိုင်ထားလိုက်သည်။

Making Purple Home (Complete)Where stories live. Discover now